ဂုဏ်တော ကျေးရွာ ဟောပြောပွဲ

Gondaw school4

လွန်ခဲ့သော ၁၉၉၉ ခုနှစ်အချိန်မှစ၍ ကြေးစင်တောင် နှင့် စံပယ်တောင် စီမံကိန်းပိုင်ရှင်များသည် ပရဟိတလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ပြီး ပတ်ဝန်းကျင်ကျေးရွာများနှင့်အတူ အုပ်စုအဖွဲ့အစည်းများဖြစ်သည့် ကျောင်းများတွင် ဟောပြောပွဲ များကျင်းပသည်မှာ လည်းတစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာဦးပိုင်လီမိတက် ၏ပူးပေါင်းပါဝင် ဆောင်ရွက်မှု နှင့် အတူ မြန်မာယန်စီ လမ်းညွှန်ချက်များအရ သက်ဆိုင်ရာကျေးရွာများ အတွင်းတွင် ကောင်းမွန် သော အကျိုးကျေးဇူးများရရှိစေရန် ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးလျှက်ရှိသည်။

မြန်မာယန်စီမှ တာဝန်ရှိလူကြီးမင်းများ ဖြစ်သည့် PR & CSD ဌာန၊ QHSE ဌာနတို့၏ ခေါင်းဆောင်မှုနှင့် အတူ မြန်မာယန်စီ ကုမ္ပဏီ ပတ်ဝန်းကျင် ကျေးရွာများရှိ ကျောင်းများတွင် တစ်လတစ်ကြိမ် ဟောပြောပွဲများ ကျင်းပရန်အစီစဉ်ရေးဆွဲခဲ့ကြသည်။ယခုလတွင် ဂုဏ်တော ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ဟောပြောပွဲ ကျင်းပခဲ့သည်။ ကျေးရွာရှိကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာစသည့် အသိပညာများ တိုတက်စေရန် နှင့် မြန်မာယန်စီ၏ အတက်ပညာ ဗဟုသုတများကိုလည်း ဖြန့်ဝေပေးပြီး သတ္တုတူးဖော်သည့် လုပ်ငန်းများနှင့် ပတ်သက်သည်တို့ကို အပြန်အလှန်ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာယန်စီကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကို ရေရှည်တည်တံစေရန်အတွက် နိုင်ငံတစ်ကာ စံချိန်စံညွှန်း နှင့်အညီ ပြုပြင်ထိန်းသိမ်းရန် ကြိုးစားလုပ်ကိုင် ဆောင်ရွက်နေကြောင်း အဖွဲ့များမှ ရှင်းလင်း ဟောပြောခဲ့သည်။
ကျောင်းအုပ်ဆရာကြီး ဦးကျော်စွာဝင်း၊ ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၅၅) ဦးတို့သည် စိတ်ဝင်စားမှုများစွာဖြင့် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။ မြန်မာယန်စီကိုယ်စား PR & CSD ဌာနမှ တာဝန်ရှိလူကြီးမင်း များမှ ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့သည်။

Gondaw school1

Gondaw school2
Gondaw school5
Gondaw school6

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.