နှစ် (၇၀) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနား

independenceday 1

ဇန်နဝါရီလ(၄)ရက် နေ့သည်မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ ဖြစ်ပြီးအများပြည်သူ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားသည်။ထိုနေ့တွင် မြန်မာနိုင်ငံတစ်ဝန်လုံးတွင် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများကျင်းပ ကြသည်။

နှစ် (၇၀) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြန်မာယန်စီ ကုမ္ပဏီသည် မိုင်းမြို့ဝန်ထမ်းမိသားစု နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများအားလုံးအတွက် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲ များကို ဇန်နဝါရီလ (၁၄) ရက်နေ့တွင်မိုင်းမြို့အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ကျန်းမာဖျတ်လတ်စေရေး နှင့် ပတ်ဝန်းကျင်ကျေးရွာများအဆင်ပြေစေရန် မြန်မာယန်စီကြေးနီလီမိတက်သည် နှစ်စဉ် အားကစားပြိုင်ပွဲများနှင့် ဖျော်ဖြေရေးဇာတ်အဖွဲ့များ ငှားရမ်း ပြီး နှစ်စဉ် ဆောင်ရွက်ပေးသည်။ အားကစားပွဲများမှာ အပြေးပြိုင်ပွဲ၊ ကြက်တောင်ရိုက်၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ဘောလုံးပွဲ၊ဂေါက်ရိုက်ပြိုင်ပွဲ တို့ကိုနေရာအသီးသီးတွင် ကျင်းပခဲ့သည်။ ချိုတူး အငြိမ့် ပွဲကို ၂၆.၁.၂ဝ၁၈နှင့် ၂၇.၁.၂ဝ၁၈နေ့များတွက် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ပါသည်။ထိုနေ့တွင် ထူးချွန်သည့်ကစားသမားများနှင့် အနိုင်ရရှိသူများကို ဆုချီးမြှင့်ပေးခဲ့သည်။ စံပါယ်တောင်နှင့်ကြေးစင်တောင် သတ္တုတွင်း စီမံကိန်း ရှိဝန်ထမ်းများ ၊မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပတ်ဝန်း ကျင်ကျေးရွာရှိ ရွာသူ၊ရွာသားမျာသည် အာကစားပွဲများတွင် ဝင်ရောက်ဆင်နွှဲခဲ့ပြီး အနိုင် ရရှိစေရန် စိတ်အားထက်သန်စွာဖြင့် ချစ်ခင်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

independenceday 3

independenceday 6
independenceday 4
independenceday 7

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.