မီးငြိမ်းသတ်မှု ကျွမ်းကျင်ခြင်း

fire 1
မြန်မာယန်စီတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။ ထိုအတွက်ကြောင့် ဝန်ထမ်းများအားလုံးသည် မီးသက်ဆေးဘူး အသုံးပြုခြင်း နှင့် မတူညီသောအခြေအနေတွင် မည်သည့် မီးသတ်ဆေးဘူးကို အသုံးပြုရန် အကောင်းဆုံးဖြစ်သည်ကို သင်တန်းပို့ချခဲ့သည်။ မြန်မာယန်စီရှိ ဌာနအားလုံးမှလည်း လစဉ်အရေးပေါ် လေ့ကျင့် ခန်းများ လုပ်ဆောင်ရသည်။
ယခုလတွင် PR&CSD ဌာနမှလည်း ဤလေ့ကျင့်မှုတွင် ပါဝင်ရမည်ဖြစ်သည်။ လက်တွေ့ဆောင်ရွက် မှုမစမှီ၊ ဘေးအန္တ ရာယ်ကင်းရှင်းရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်း၊ ဦးရဲမင်းသန့် မှ မီးသတ်ဆေးဘူးမည်ကဲ့သို့အသုံးပြုရန် နှင့် အရေးပေါ်အခြေအနေတွင် လူကြီးမင်းတို့၏ဘဝကို လုံခြုံမှု ပေးနိုင်ကြောင်းကို PR&CSD အဖွဲ့ဝင်များ ကိုပြောကြား ခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့် နှင့် ပတ်သက်သည်တို့ကိုလည်း ရှင်းလင်းခဲ့သည်။ ၎င်းနောက် PR&CSD အဖွဲ့ဝင်များ တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ လူကြီမင်းတို့သည် မီးသက်ဆေးဘူးတစ်ခါမျှပင် အသုံးမပြုဖူးပါက မိမိတို့ ဌာနမှ အကြံညဏ်များပေး နိုင်ပါသည်။ အကယ်၍ လူကြီးမင်းတို့အိမ်တွင် မီးသတ်ဆေးဘူးရှိခဲ့ပါက လူကြီးမင်းအနေဖြင် မီသတ်ဆေးဘူး ကောင်းမကောင်း လစဉ်စစ်ဆေးဖို့ လိုကြောင်း မိမိတို့၏ ဘေးအန္တရာယ်ကင်းရှင်းရေးဌာနမှ အကြံပေးပါသည်။ အခြားအရေးပါသော အချက်တစ်ချက်မှာ လူကြီးမင်း၏ပတ်ဝန်းကျင်တွင် သင့်လျော်သော မီးသတ်ဆေးဘူးများ ထားရှိရန်ဖြစ်သည်။
ဘေးအန္တရာယ်ကင်းရှင်းကြပါစေ!
fire 2
fire 4
fire 3
fire 5
 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.