လေလွင့်ခွေးဖယ်ရှားခြင်းအစီစဉ်

dogremoval 3မြန်မာယန်စီ ကုမ္ပဏီ သည် ကမ္ဘာအဆင့်တန်းမှီ သော မိုင်းအဖြစ်ထိန်သိမ်းရန် အတွက် လေလွင့်ခွေးများ ကို ဖမ်းဆီးလျက်ရှိပြီး မုံရွာမြို့၊ စံပယ်တောင်ကြေးစင်တောင်၊ အမှတ်(၁)ကြေးနီ မိုင်းမြို့၏ Mine Lease ဧရိယာများသာ မက ဝန်ထမ်းများ နှင့် ၎င်းတို့ မိသားစုများ အတွက် တည်ဆောက်ထားသော မိုင်းမြို့ အတွင်းတွင်ဆောင်ရွက်လျှက်ရှိသည်။

ISO 31000 ကိုအခြေခံပြီး တိကျသော အစီစဉ်ဖြင့် အန္တရာယ်ရှိသည့် စီစဉ်မှုများ၊ လုပ်ငန်းများ အားလုံးဖြတ်၍ ဆောင်ရွက်ခြင်း ၊လူမှုအဖွဲ့အစည်း နှင့်ပတ်သတ်သည့် အတွေ့အကြုံများအရ ခွေးဖယ်ရှားခြင်လုပ်ငန်း ကို မြန်မာယန်စီမှ ပြီးစီးအောင် ဆောင်ရွက်လျက်ရှိသည်။ စံပယ်တောင် နှင့် ကြေစင်တောင် စီမံကိန်း ၊ မိုင်းမြို့အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ၊ လေလွင့်ခွေးများ သိသိသာသာတိုးပွားလာမှုကြောင့် ခွေးများ၏တိုက်ခိုက်မှု နှင့် ခွေးရူးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် လေလွင့်ခွေးဖယ်ရှားခြင်း အစီစဉ်ကို ဇန်နဝါရီလ ၂၀၁၈တွင် စတင်ဆောင်ရွက်ခဲ့သည်။
မြတ်စွာဘုရား၏ အဆုံးမကို လိုက်နာခြင်းအားဖြင့် အဖွဲ့အစည်း နှင့် မိမိတို့၏ဘာသာရေး ကိုင်းရှိုင်းမှုအရ ၊ မိုင်းဆိုက် နှင့် မိုင်းမြို့ အတွင်းနေသော လေလွင့်ခွေးများ လျော့ကျစေရန် ခွေးဖယ်ရှားခြင်း အစီစဉ်ကို ရက်စက်စွာပြုလုပ်ခြင်းမရှိဘဲ စတင်ဆောင်ရွက်ရန် မန်နေဂျင်းဒါရိုက်တာ ကျန်းရီဖုန်း မှ operation management အားခွင့်ပြုခဲ့သည်။ စုစုပေါင်း ခွေး ၁၁၀ နီးပါး ဖမ်းဆီးခြင်းခံရပြီး နေပြည်တော်တွင်ရှိသောခခွေးဂေဟာသို့ ခွေးများသယ်ဆောင်ခဲ့သည်။
ယခုအခါတွင် နေပြည်တော်ရှိခွေးဂေဟာတွင် ကျွန်တို့၏ လေလွင့်ခွေးများနှင့် ပြည့်နေသောကြောင့် မတ်လတွင် နောက်ဆုံးအကြိမ် လာရောက်ဖမ်းဆီးမည့် အဖွဲ့မှ စုစုပေါင်း ခွေး အကောင်ရေ (၅၀) သာဖမ်းဆီးမည်ဖြစ်သည်။ ခွေဖယ်ရှားခြင်း အစီစဉ်တွင် မြန်မာယန် စီကုမ္ပဏီ အနေဖြင့် ခွေတစ်ကောင်လျှင် ဒေါ်လာ $ ၅၀ လှူဒါန်းခဲ့ပြီး ခွေးဂေဟာသို့ ပို့ဆောင်ခဲ့သည်။ အစီစဉ် ၏အဓိကအရေး ကြီး ဆုံးအပိုင်းမှာ ခွေးဖမ်းခြင်းဖြစ်ပြီး QHSE ဌာနရှိ ဝန်ထမ်းများ နှင့် ခွေးဖမ်းဆီးသည့်အဖွဲ့သည် ထိခိုက်ဒဏ်ရာ မရှိစေဘဲ ခွေးများကို အိပ်ဆေးထည့်ထားသော မြားဖြင့်ပစ်ပြီး ငြိမ်သက်သော အခြေအနေရောက်ရှိသည့် အချိန်တွင် ခွေးများ ကို ဆေးဝါးကုသမှုပြုလုပ် ပေးခဲ့သည်။
ယင်း အစီစဉ်တွင် QHSE ဌာနမှ ဦးကျော်သက်စိုး ဦးဆောင်ပြီး ခွေးဖယ်ရှားသည့် အစီစဉ်တွင်စီစဉ်ခြင်းတွင် မှန်ကန်သော အလုပ်ကြိုးစား အားထုပ်မှု နှင့် အချိန်အမြောက်များပေးခြင်းကြောင့် မြန်မာယန်စီမှ ဦးကျော်သက်စိုးအား အထူးကျေးဇူးတင်ရှိ ပါသည်။ မိုင်းမြို့အဖွဲ့အစည်း၏ ကျန်းမာရေးအတွက် မိမိတို့၏ ဂရုစိုက်မှု နှင့် အထူးဆောင်ရွက်ခြင်တို့ကြောင့် အခြားကူညီပါဝင် ဆောင်ရွက်သူများအားလုံးကို မြန်မာယန်စီ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာမှ အထူးကျေးဇူးတင်ပါသည်။
 
အစီစဉ်တွင် အဓိကဆောင်ရွက်ရန် (၅) ချက်ပါရှိသည်။
 
မြန်မာယန်စီ ဝန်ထမ်းများ နှင့် ၎င်းတို့ မိသားစုများအတွက် လုံခြုံစိတ်ချရသော နေရာတစ်ခုအဖြစ် သေချာစေရန်။
မြန်မာယန်စီ ဝန်ထမ်းများ နှင့် ၎င်းတို့ မိသားစုများအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခုအဖြစ်ထိန်းသိမ်းရန်။
မြန်မာယန်စီ ဝန်ထမ်းများ နှင့် ၎င်းတို့ မိသားစုများအတွက် ကျန်းမာရေးနှင့် လူမှု့ထောက်ပံ မှုမှ ကာကွယ်ရန်။
၎င်းတို့၏ ပတ်ဝန်ကျင် (ecosystem) နှင့် (biodiversity) မျှတစေရန်။
မြန်မာယန်စီအတွက် ခွေးရူးအန္တရာယ် ကင်းမဲ့ဇုန်အဖြစ် ပြောင်းလဲခြင်းကို တိုင်းတာပြီး စီစဉ်ဆောင်ရွက်ရန်။
 
 

dogremoval 2dogremoval 6dogremoval 5

dogremoval 1
dogremoval 4

 
 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.