မီးဘေးကာကွယ်ရေး

firedrill 1

ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆိုသောစကားသည် လူတိုင်းအတွက် မီးမပေါ့ဆရန် ဆိုလိုခြင်းအတွက် အထူးမှန်ကန် ပါသည်။ လုင်ငန်းခွင်တွင် မီးဘေးအန္တရာယ်လျော့ချရန် နှင့် မိမိတို့ဝန်ထမ်းများ ကို ဘေး အန္တရယ်ကင်းရှင်းစေရန် ကာကွယ်မှုများ ရှိသင့်ပါသည်။

ထိုအတွက်ကြောင့် မြန်မာယန်စီကုမ္ပဏီရှိ ဌာနတိုင်းတွင် မီးဘေးကယ်ဆယ်ရေးလေ့ကျင့်မှုကို လစဉ်ဆောင်ရွက်ရသည်။ မြန်မာယန်စီ၏ လုပ်ထုံးလုပ်နည်းများအတိုင်း PR & CSD ဌာနမှ မီးဘေးကယ်ဆယ်ရေးလေ့ကျင့်မှုကို မတ်လ (၂၁)ရက်နေ့ နံနက် (၉း၃၀)ခန့်တွင် ဆောင်ရွက်ခဲ့သည်။ မီးငြိမ်းသတ်မှုဖြစ်စဉ်မှာ ၁၀ မိနစ်ခန့်သာကြာခဲ့သည်။ PR & CSD ဌာနမှ စုစုပေါင်းဝန်ထမ်း (၉)ဦး တက်ကြွစွာပါဝင်ခဲ့ကြသည်။ နိုင်ငံတစ်ကာစံချိန်စံညွှန်း ISO 9001, 14001,OHSAS 18001 နှင့်အတူ မီးဘေးကယ်ဆယ်ရေး လေ့ကျင့်မှုကို မှတ်တမ်းတင်ခဲ့ပြီး QHSE ဌာနသို့သတင်းပို့ခဲ့ပါသည်။

firedrill 2

firedrill 3
firedrill 4
firedrill 5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.