မြန်မာယန်စီမိသားစုသင်္ကြန်

thingyan 2သင်္ကြန်ပွဲတော်သည် မြန်မာနှစ်သစ်ကူး ရေသဘင်ပွဲတော် တစ်ခုဖြစ်ပြီး ၎င်းပွဲတော်သည် (၄) ရက် (သို့မဟုတ်) (၅) ရက်ကြာပါသည်။ နှစ်စဉ် ဧပရယ်လလယ်တွင် ကျရောက်လေ့ရှိပါသည်။

ယခင်က မြန်မာသင်္ကြန်ပွဲတော်၏ရက်စွဲများကို မြန်မာရိုးရာပြက္ခဒိန် နှင့်အညီတွက်ချက်ကြပြီး ဤပွဲတော်ကို ရေသဘင်ပွဲတော်လို့လည်း ခေါ်ဆိုကြသည်။ မြန်မာယန်စီဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုများသည် မြန်မာ နှစ်သစ်ကူးသင်္ကြန်ကို အတူတစ်ကွ ကြိုဆိုခဲ့ကြ သည်။ အကြိုနေ့ဟုခေါ်သော ၂၀၁၈ ခုနှစ် ဧပရယ် (၁၃)ရက် နေ့မှစ၍မိုင်းမြို့ ကစားကွင်းတွင် မြန်မာယန်စီ မှ ရေသဘင်ပွဲတော် ကိုကျင်းပပေးခဲ့ပြီး ဌာနအားလုံးမှလာ ရောက်လည်ပတ်ကြသည့် ဧည့်သည်တော်များကို မြန်မာ့ရိုးရာ အစားစားများဖြင့် လေးရက်တိုင်တိုင် ကျွေးမွေး ခဲ့ကြသည်။ နှစ်သစ်ကူးကျင်းပသည် နှင့်အညီ သီချင်းဆိုလိုသူများအတွက် ကာရာအိုကေ စင်ကိုလည်း တပ်ဆင်ပေးထားပြီး အလှဆင်ထားသည့် ပန်းပွင့်အဝတ်ကို ဝတ်ဆင်ထားသည့် သင်္ကြန် ပျိုမေများကလည်း မြန်မာရိုးရာ၊နှင့် ခတ်သစ်အကအလှများဖြင့် ဖျော်ဖြေကပြကြသည်။ကလေးငယ်များမှ ၎င်းတို့၏သူငယ်ချင်းများ ၊ဆွေမျိုးများ နှင့် အခြားမည်သူမဆို ရေရွဲရွဲစိုရေရန် ရေသေနတ် များဖြင့် ရေကစားကြပြီး သံဃာတော်များ နှင့် သက်ကြီးရွယ်အိုများ ကိုရေပတ်ခြင်းမပြုလုပ်ကြပါ။
မြန်မာယန်စီ မှ မန်နေဂျင်းဒါရိုက်တာ Mr. Zhang Yupeng ကိုယ်စား Chief Engineer Mr .Sheng Ruguo မှ မိုင်းမြို့အတွင်းရှိသက်ကြီးရွယ်အိုပူဇော်ပွဲကို ကျင်းပခဲ့သည်။ မြန်မာရိုးရာ ထုံးတမ်းအစဉ်အလာအတိုင်း သင်္ကြန် နောက်ဆုံးရက် (၁၆.၄.၂၀၁၈) တွင် မိုင်းမြို့အတွင်းရှိ ကန်တော့ခံဘိုဘွားများစုဝေးစေခဲ့သည်။ သက်ကြီး အဘိုးအဘွားများ မှ ကျေးဇူးတင်စကား နှင့် ကောင်းချီး မင်္ဂလာစကားများ ပြောကြားခဲ့ပါသည်။

thingyan 6thingyan 5thingyan 4thingyan 9

thingyan 1thingyan 8thingyan 7

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.