အလုပ်ရှင် နှင့် အလုပ်သမားများ အတွက် ဥပဒေ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

employee employer 4
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အား ဝန်ကြီး ဌာနအစီစဉ်အောက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ အလုပ်သမားဦးစီးဌာန ဝန်ထမ်းများမှ ဦးဆောင်ပြီး အလုပ်ရှင် နှင့် အလုပ်သမားများ အတွက် ဥပဒေ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို ၂၀၁၈ ဇွန်လတစ်ရက်နေ့ မြန်မာယန်စီ အစည်းဝေးခန်းမ တွင် ကျင်းပခဲ့သည်။
 
ပညာပေးဟောပြောပွဲကျင်းပရခြင်းမှာ အမျိုးသား အလုပ်သမားဥပဒေ ကိုသိမြင်နားလည်နိုင်စေရန်ရည်ရွယ်ပြီး ဥပဒေနှင့် ပတ်သတ်သည့် စည်းမျဉ်း စည်းကမ်းများ ကို မြန်မာယန်စီရှိ ဝန်ထမ်းများသိစေရန် အကျဉ်းချုံး ရှင်းပြပေးခဲ့သည်။ ၎င်းနောက် တွင် လူမှု့ဖူံလှုံရေး ရန်ပုံငွေ နှင့် အကျိုးကျေးဇူးများ ထပ်မံရှင်းပြပေးခဲ့သည်။ ဟောပြောပွဲတွင် ဥပဒေနှင့်ပတ်သတ်သည့် မေးခွန်းများ အပြန်အလှန် မေးမြန်းခဲ့ကြပြီး အလုပ်သမားဦးစီးဌာနမှ ဖြေရှင်းချက်များ ပြန်လည်ပြောကြားခဲ့ပါသည်။

employee employer 3
employee employer 2
employee employer 1
 

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.