ဝါးတန်း ကျေးရွာ နှင့် မြန်မာယန်စီ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ခြင်း

wadan dengue fever 1
သွေးလွန်တုတ်ကွေးရောဂါသည် ခြင်မှပေါက်ဖွားပြီး ခြင်ကိုက်ခြင်းဖြင့် ကူးစက်စေနိုင်သော ရောဂါ တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင်အများဆုံးပြန့်နှံသည့်ရောဂါတစ်ခုဖြစ်သည်။            
အပူပိုင်းဒေသများ တွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် လူဦးရေထူထပ်သောနေရာများ နှင့် ဆင်းရဲနွမ်းပါးသောဒေသများ တွင် ကူစက်ပျံနှံ့သည်။ သွေးလွန်တုတ်ကွေး ရောဂါ လျှင်မြန်စွာ ပျံပွားရန် များစွာ ထောက်ပံပေးသည်မှာ ခြင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး သေစေနိုင်ပါသည်။သွေးလွန် တုတ်ကွေး ရောဂါ ကို အများအားဖြင့် အသက် (၅) နှစ် နှင့် (၉) နှစ်အရွယ် ကလေးများတွင် တွေ့ရပြီး ထိုကလေးအရွယ်များ အများအားဖြင့် ရောဂါကို မကာကွယ်နိုင်ပေ။ သွေးလွန်တုတ်ကွေးရောဂါသည် ကလေးများအတွက် ဆိုးရွားသော ရောဂါဖြစ်လာပြီး ယခုအခါ အရွယ်ရောက်သူမျာ ပင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွား သည်ကို တွေ့ရှိရသည်။ ယခင်နှစ်များဖြင့် နှိုင်းယှဉ် လျှင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွား မှုပိုမိုတိုးပွား လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၁၈ ဇန်နဝါရီ (၁) ရက်မှ မေလ (၃၁) ရက်အတွင်း ကောက်ယူထားသော မှတ်တမ်းများအရ စုစုပေါင်း သွေးလွန်တုတ်ကွေးဂါဖြစ်ပွားနှုန်း ၂၃၁၄ ရှိကြောင်းတွေ့ရသည်။
ထိုအတွက်ကြောင့် ပတ်ဝန်းကျင်ကျေးရွာများ ကျန်းမာရေးအသိများရရှိစေရန် မြန်မာယန်စီ မှ sponser ပေးခဲ့ပြီး ၂၀၁၈ ဇွန်လိုင်လ ၂၅ ရက်နေ့ နေ့လည် (၂ )နာရီခွဲ ခန့် တွင် ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် မြန်မာယန်စီကုမ္ပဏီ၊ နယ်လှည့်အခမဲ့ကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့မှ Sister ကြီး ဒေါ်ရှိုင်းနီးမွန်းမှ သွေးလွန်တုတ်ကွေး ရောဂါ (Dengue Hemorrhagic Fever) ကြိုတင် ကာကွယ်ရေး နှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများအားပညာပေး ဟောပြော ခဲ့ပါသည်။ ကျန်းမာရေး ဟောပြောပွဲသို့ကျောင်းသားကျောင်းသူ(၁၃၀)ဦးနှင့် ဆရာ၊ ဆရာမ(၅)ဦး တက်ရောက်ခဲ့သည်။
 
wadan dengue fever 2
wadan dengue fever 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.