ရပ်ရွာလူငယ်များ နှင့် သသာဝပတ်ဝန်းကျင်

kyaukmyet schooltalk 2
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန် နှင့် စီစဉ်ဆောင်ရွက်ရန်အတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ၊ လေထုညစ်ညမ်းမှုများ၊ ကျေးရွာပတ်ဝန်းကျင်နှင့်ပတ်သက်သောအရာများ အစရှိသည့် ခေါင်းစဉ်များဖြင့် မြန်မာယန်စီ ဝန်ထမ်းများမှ ကျောက်မျက်ကျေးရွာရှိ ကလေးများအတွက် အသိပညာပေးဆိုင်ရာ ဟောပြောပွဲ ကို ၂၀၁၈၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကျင်ပပေးခဲ့သည်။ QHSE ဌာနရှိ ကိုယ်စားလှယ်များ နှင့် ပေါင်းစပ်ညှိနှိုင်းရေး CSD ဌာနရှိ ကိုယ်စားလှယ်များသည် ကုမ္ပဏီ၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်း ကျင် ဆိုင်ရာ လုပ်ဆောင်ချက်များကို ကျောက်မျက်ကျေးရွာအခြခံ ပညာမူလတန်းကျောင်းတွင် ဟောပြောခဲ့သည်။
ကျောက်မျက်ကျေးရွာမှ ရွေးကောက်ထားသော CSD ကိုယ်စား လှယ် နှင့် အတူ MYTCLမှ တာဝန်ရှိ ပုဂ္ဂိုလ်များ လည်းတက်ရောက်ခဲ့ကြသည်။ မြန်မာယန်စီ ကိုယ်စား ကျောင်းသားများအတွက် စာရေးကိရိယာများ လှူဒါန်းခဲ့သည်။ မြန်မာယန်စီကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကို ရေရှည်တည်တံစေရန်အတွက် နိုင်ငံတစ်ကာ စံချိန်စံညွှန်း နှင့်အညီ ပြုပြင်ထိန်းသိမ်း ရန် ကြိုးစားလုပ်ကိုင် ဆောင်ရွက်နေကြောင်း အဖွဲ့များမှ ရှင်းလင်း ဟောပြောခဲ့သည်။၎င်းနောက် ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၈၄) ဦးတို့သည် စိတ်ဝင်စားမှုများစွာဖြင့် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။
 
kyaukmyet schooltalk 3
kyaukmyet schooltalk 1

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.