မြန်မာဝမ်ပေါင်၏ ပြည်သူ့အကျိုးပြု အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ

sme monywa 2
စစ်ကိုင်းတိုင်းအစိုးရ နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကော်မတီ မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် MSMEs ဒေသတွင်းထုတ်ကုန်ပြပွဲ ကို ၂၀၁၈ ဩဂုတ်လ (၁၇) ရက်နေ့၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
 
ပြည်တောင်စု သမ္မတနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ မှ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့ပြီး အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထိုအပြင် အခမ်းအနားတွင် ပြည်ထောင်စု စက်မှုဝန်ကြီးဌာန MSMEs ဖွံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ချို တက်ရောက်ခဲ့ပြီး ၎င်းနောက် စစ်ကိုင်းတိုင်း ဒေသကြီး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ၊ စီးပွားရေး လုပ်ငန်း ရှင်များ နှင့် အခြားသော တာဝန်ရှိ လူကြီးမင်းများ တက်ရောက်ခဲ့ကြသည်။
မြန်မာယန်စီ ကုမ္ပဏီ PR & CSD ဌာန သည် မြန်မာဝမ်ပေါင်ကုမ္ပဏီအား အထောက်ပံဖြစ်စေရန် အတွက် ထိုပြပွဲ အခမ်းအနားသို့ သွားရောက်ခဲ့သည်။ အခြားသော ကုမ္ပဏီများသည်လည်း မိမိတို့၏ ထုတ်ကုန်ပစ္စည်း များကို နံနက် (၉) နာရီမှ ည (၉) နာရီထိ သုံးရက်ကြာ ပြသခဲ့သည်။ ထိုပြပွဲအခမ်းအနားတွင် မြန်မာဝမ်ပေါင်မှလည်း မိမိတို့၏ SME လုပ်ငန်းများ ပြသခဲ့ပြီး ထိုလုပ်ငန်းများသည် ပတ်ဝန်းကျင်ဒေသခံများ အား ကူညီထောက်ပံနေသည်။ MSMEs ဒေသတွင်းထုတ်ကုန်ပြပွဲ တွင် မြန်မာဝမ်ပေါင် နှင့် မြန်မာယန်စီ မှ gold sponser အနေဖြင့် ပါဝင် ကူညီခဲ့သည်။ ဒေသခံစီးပွားရေးလုပ်ငန်းများ မှ မိမိတို့၏ ကုန်ပစ္စည်းများ ကြော်ငြာနိုင်ရန် ၊ သဘာဝသယံဇာတများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အားဆွဲဆောင်ရန်၊ မြန်မာနိုင်ငံအတွင်းသက်ဆိုင်ရာ ဒေသအတွင်းရှိ ယဉ်ကျေးမှု ဓလေ့ထုံးထမ်းများသိရှိစေရန် မုံရွာ MSMEs ဒေသတွင်းထုတ်ကုန်ပြပွဲမှ စသည့်အခွင့်လမ်းများ ကို ယူဆောင်ပေးခဲ့သည်။
မြန်မာဝမ်ပေါင်မှ ခင်းကျင်းပြသသည့် SME လုပ်ငန်များ ဤဒေသတွင် အောင်မြင်မှုရရှိပါစေ ဟု မြန်မာယန်စီမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါသည်။

sme monywa 1
sme monywa 3
sme monywa 4
sme monywa 5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.