ရပ်ရွာ လူငယ်များ၏ အသိပညာ မြှင့်တင်ခြင်း

htannaungkone talk1
၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ (၁၁) ရက်နေ့ မြန်မာယန်စီမှ ပတ်ဝန်းကျင် ကျေးရွာ များသို့ အသိပညာပေး ဟောပြော ရန် ရည်ရွယ်၍ QHSE ဌာန နှင့် PR & CSD ဌာနမှ ကိုယ်စားလှယ်များပါဝင် သော အထူးဖွဲ့စည်းထား သည့် အဖွဲ့သည် ထနောင်းကုန်းကျေးရွာ ပညာပဒေသာ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ တွင်ကုမ္ပဏီ၏ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု လိုက်နာ လုပ်ဆောင်နေမှု များကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ကျေးရွာရှိကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာစသည့် အသိပညာများ တိုတက်စေရန် နှင့် မြန်မာယန်စီ၏ အတက်ပညာ ဗဟုသုတများကိုလည်း ဖြန့်ဝေပေးပြီး သတ္တုတူးဖော်သည့် လုပ်ငန်းများနှင့် ပတ်သက်သည်တို့ကို အပြန်အလှန်ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာယန်စီကုမ္ပဏီသည်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကို ရေရှည်တည်တံစေ ရန်အတွက်နိုင်ငံတစ်ကာစံချိန်စံညွှန်း နှင့်အညီ ပြုပြင်ထိန်းသိမ်းရန် ကြိုးစားလုပ်ကိုင် ဆောင်ရွက် နေကြောင်း အဖွဲ့များမှ ရှင်းလင်း ဟောပြောခဲ့သည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်၊ ဆရာမ (၂၃) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၃၀၅) ဦးတို့သည် စိတ်ဝင်စားမှုများစွာဖြင့် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။ မြန်မာယန်စီကိုယ်စား PR & CSD ဌာနမှ တာဝန်ရှိလူကြီးမင်း များမှ ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့သည်။
 
htanaunggon talk4
htanaunggon talk3
htanaunggon talk2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.