မီးဘေးကြိုတင်ကာကွယ်ခြင်း

firepreparedness 1
မြန်မာယန်စီ လုပ်ငန်းခွင် နေရာတိုင်းတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး သည် အဓိကအရေးပါသောအရာ တစ်ခု ဖြစ်သည်။ မြန်မာယန်စီကုမ္ပဏီရှိ ဌာနအားလုံးမှ လည်း လစဉ်အလိုက်အရေးပေါ်လေ့ ကျင့်ခန်းများကို အခါအားလျော်စွာ တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ကြပါသည်။
 
မီးငြိမ်းသတ်မှုအား ကြိုတင် လေ့ကျင့်ခြင်းအား ဖြင့် တစ်ဦးတစ်ယောက်ချင်းစီအား အသိပညာဗဟုသုတများလည်းရရှိစေမည် ဖြစ်ပြီး မိမိကိုယ်တိုင်နှင့် အခြာသူများအား မီဘေးအန္တရာယ် မှ ဒဏ်ရာရရှိခြင်းမရှိဘဲ လုံခြုံဘေးကင်းစွာ လွတ်မြောက် စေရန် ဖြစ်သည်။
မြန်မာယန်စီ၏ လုပ်ထုံးလုပ်နည်းများအတိုင်း PR & CSD ဌာနမှ မီးငြိမ်းသတ်မှု့လေ့ကျင့်ခြင်းကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် (၉:၃၀)ခန့်တွင် ဆောင်ရွက်ခဲ့သည်။ မီးငြိမ်းသတ်မှုဖြစ်စဉ်မှာ ၁၀ မိနစ်ခန့် ဆောင်ရွက်ခဲ့သည်။ PR & CSD ဌာနမှ စုစုပေါင်းဝန်ထမ်း (ရ)ဦး မှလည်း တက်ကြွ စွာပါဝင်ခဲ့ကြသည်။ နိုင်ငံတစ်ကာစံချိန်စံညွှန်း ISO 9001, 14001,OHSAS 18001 နှင့်အတူ မီးဘေးကယ်ဆယ်ရေး လေ့ကျင့်မှုကို မှတ်တမ်းတင်ခဲ့ပြီး QHSE ဌာန နှင့် မြန်မာယန်စီမီးသတ် (ဖုန်းနံပါတ်- ၅၅၅၅ ) သို့သတင်းပို့ခဲ့ပါသည်။
 
firepreparedness 2
firepreparedness 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.