MYTCL ကလေးငယ်များ အဟာရလှုပ်ရှားမှု

nutritionactvities 1
မိုင်းမြို့သည် ဆားလင်းကြီးမြို့နယ်အတွင်း မူလကတည်းကတည်ရှိသော ကျန်းမာရေး စောင့်ရှောက်ပေး သည့် စင်တာဖြစ်သည်။ မိုင်းမြို့ဆေးရုံသည် ဝန်ထမ်းများသာ မက ၎င်းတို့၏ မိသားစုဝင်များကိုပါ ကျန်းမားရေး စောင့် ရှောက်မှု့ပေးလျှက်ရှိသည်။ ထိုအပြင် အထွေထွေ ကျန်းမာရေးဆိုင်ရာ စောင်ရှောက်မှု၊ မိုင်း နှင့် ဆက်စပ်လျှက်ရှိသော ထိခိုက် ဒဏ်ရာရမှုများ အပြင် မိုင်းမြို့ဆေးရုံမှ အကြီးစား နှင့် အသေးစား ခွဲစိတ်မှုများ ကိုလည်းလုပ်ဆောင်ပေးပါသည်။ ကိုယ်ဝန်ဆောင်များ မီးမဖွားမီ ကိုယ်ဝန်စောင့်ရှောက်ခြင်း၊ အပြည်ပြည်ဆိုင် ရာကလေးသူငယ် ကာကွယ်ဆေးထိုးခြင်း အစီစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တစ်နှစ်အောက်ကလေးငယ်များ ကို ကာကွယ်ဆေးထိုးပေးခြင်း တို့သည် ဆေးရုံ၏ အဓိက ဆောင်ရွက်မှုပင်ဖြစ်သည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တောင်ပလူကျေးလက်ကျန်းမာရေး ဌာနမှ အသက်( ၆ လ မှ ၂ နှစ် )ထိ ကလေးငယ်များအတွက် ဗီတာမင် နှင့် အဟာမှုန့် ပေးဝေခဲ့သည်။ ၎င်း အစီစဉ်ကို ၂၀၁၈ ၊ စက်တင်ဘာလ ၁၉ ရက် နေ့ မြန်မာယန်စီ မိုင်းမြို့ဝန်ထမ်း ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။ မိမိတို့၏ ကလေးငယ်များ ကျန်းမာဖွံဖြိုးတိုးတက်စေရန် မိုင်းမြို့မိသားစုဝင်များမှ မိခင် အယောက် ၅၀ ခန့် နှင့် ၎င်းတို့၏ ကလေးများ ဤအစီစဉ်တွင် ပါဝင်ခဲ့ကြသည်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အဟာရှိသော အစားစားများ၊ မိခင်များအတွက် ကျန်းမာရေးနှင့် ညီညွတ်စွာ လက်တွေ့ အချက်ပြုတ်သည့်နည်းလမ်းများ နှင့် ကလေး ငယ်များကြီးထွားခြင်း စသည့် အသိပညာဗဟုသုတများ တိုပွားစေရန် အဟာရလှုပ်ရှားမှုများကို အားပေး ခဲ့သည်။
 
nutritionactvities 3
nutritionactvities 2
nutritionactivities 4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.