ကျွန်ုပ်တို့ အဖွဲ့အစည်းအတွက် အသိပညာ မျှဝေခြင်း

ayegone talk 2
မြန်မာယန်စီမှ တာဝန်ရှိလူကြီးမင်းများ ဖြစ်သည့် PR & CSD ဌာန၊ QHSE ဌာနတို့၏ ခေါင်းဆောင်မှုနှင့် အတူ မြန်မာယန်စီ ကုမ္ပဏီ ပတ်ဝန်းကျင် ကျေးရွာများရှိ ကျောင်းများတွင် တစ်လတစ်ကြိမ် ဟောပြောပွဲများ ကျင်းပရန်အစီစဉ်ရေးဆွဲခဲ့ကြသည်။ ၂၀၁၈ အောက်တိုဘာလ (၅) ရက်နေ့တွင် အေးကုန်းကျေးရွာ အခြေခံ ပညာ မူလတန်း ကျောင်းတွင် ဟောပြောပွဲ ကျင်းပခဲ့သည်။ ကျေးရွာရှိကျောင်းသား၊ ကျောင်းသူများ၏ အသိပညာများ တိုတက်စေရန် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်လျှက်ရှိသော အကြောင်းအရာများ၊ ဘေး အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဗဟုသုတများ၊ လေထုညစ်ညမ်းမှု ၊မြန်မာယန်စီ၏ အသိပညာအတက်ပညာရှင်များမှ မိမိတို့၏အတွေ့အကြုံများကို ဝေမျှခြင်း ၊ သတ္တုတွင်း လုပ်ငန်းများနှင့် ပတ်သက်သည်တို့ကို ကလေးငယ်များနှင့် အမေးအဖြေပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာယန်စီကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကို ရေရှည်တည်တံစေရန်အတွက် နိုင်ငံတစ်ကာ စံချိန်စံညွှန်း နှင့်အညီ ပြုပြင်ထိန်းသိမ်းရန် ကြိုးစားလုပ်ကိုင် ဆောင်ရွက်နေကြောင်း အဖွဲ့များမှ ရှင်းလင်း ဟောပြောခဲ့သည်။
ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမ (၅) ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၁) ဦးတို့သည် စိတ်ဝင်စားမှုများစွာဖြင့် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။ မြန်မာယန်စီကိုယ်စား PR & CSD ဌာနမှ တာဝန်ရှိလူကြီးမင်း များမှ ကျောင်း သား/ကျောင်းသူများအတွက် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့သည်။
 
ayegone talk 3
ayegone talk 4
ayegone talk 1

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.