(၇၁) ကြိမ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပခြင်း

ndependenceday 2019 1

ဇန်နဝါရီ (၄) ရက်နေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် နှစ်စဉ် သတ်မှတ်ထားသည်။ ထိုနေ့တွင် ရိုးရာပွဲတော်များနှင့် အားကစားပွဲများကို မြန်မာနိုင်ငံ အနှံအပြားတွင်ကျင်းပကြသည်။

မြန်မာယန်စီ၏ (၇၁) ကြိမ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို မြန်မာ့ အကအလှ များနှင့် အတူ ပျော်ပွဲရွှင်ပွဲ ၊ အားကစားပွဲများ ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့၊ မိုင်းမြို့ အားကစားကွင်တွင် မြန်မာယန်စီမှ ကျင်းပပေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာယန်စီ မန်းနေဂျင်း ဒါရိုက်တာ မစ်စတာ ကျန်းရီဖုန်းမှ လည်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာယန်စီရှိ တရုတ်ဝန်ထမ်းများ၊ ဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့သည်။ ကျန်းမာရေးပိုမိုကောင်းမွန်စေရန် နှင့် ပတ်ဝန်းကျင် ကျေးရွာများ စည်းလုံးညီညွတ်စွာရှိရန် မြန်မာယန်စီမှ နှစ်စဉ် အားကစားပြိုင်ပွဲများကျင်းပပေးခဲ့ရာ အားကစားအမျိုးအစားများမှာ အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘော်လီဘော၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ နှင့် ဘောလုံးပွဲ ပြိုင်ပွဲများကို နေရာအနှံအသီးသီးတွင် ကျင်းပခဲ့သည်။
မြန်မာယန်စီရှိဝန်ထမ်းများ၊ ၊မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ဝန်ထမ်းများနှင့် မိသားစုများ၊ မြန်မာယန်စီ ပတ်ဝန်း ကျင်ကျေးရွာရှိ ရွာသူ၊ရွာသားမျာသည် အာကစားပွဲများတွင် ဝင်ရောက်ဆင်နွှဲခဲ့ပြီး အနိုင် ရရှိစေရန် စိတ်အားထက်သန်စွာဖြင့် ချစ်ခင်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသူများကို မိုင်းမြို့ ကလေးကစားကွင်းတွင် ဇန်နဝါရီ လ (၅) ရက်နေ့တွင် ဆုချီးမြှင့်မည်ဖြစ်သည်။ စိန်ကျော် ဇာတ် ပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် နှစ်ညတာ ကပြဖျော်ဖြေခဲ့သည်။

independenceday 2019 2

independenceday 2019 5
independenceday 2019 4
independenceday 2019 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.