ခွေးရူးပြန်ရောဂါ ပညာပေးအသိပညာဟောပြောပွဲ

health talk rabies minetown 1

မြန်မာလူမျိုးတို့၏သနား ကြင်နာမှု အရ လေလွင့်ခွေးများအတွက် အစားများချန်ထားခြင်းကြောင့် မြန်မာယန်စီ စံပယ်တောင် နှင့် ကြေးစင်တောင် မိုင်း ဆိုက်တွင် လေလွင့်ခွေးပေါများအဆက်မပြတ်တိုးပွားလာကာ အန္တရာယ်ကြုံလျက်ရှိသည်။

ကံမကောင်းစွာဖြင့် ခွေအရေအအတွက် တိုးပွားမှုကို ထိန်းချုပ်ရန်ခက်ခဲလာပြီး လူသားများအတွက် ကြီးမားသော အန္တရယ်ဖြစ်လာပါသည်။ ထိုအတွက်ကြောင့် ပြင်းထန်သော ဆောင်ရွက်မှုများမရှိပါက လေလွင့်ခွေးတိုးပွားမှုကို ဆက်လက် ထိန်းထားနိုင်မည်မဟုတ်ပါ။ ခွေးများသက်ခြင်း အစား မြန်မာ့ယဉ်ကျေးးမှုနှင့်ကိုက်ညီ သည့် ဖမ်ဆီးခြင်း နှင့် လွှတ်ခြင်းသာ လျှင် မြန်မာယန်စီ စီမံခန့်ခွဲမှု မှဆောင်ရွက်စေမည်။ ခွေးများတိုးပွားလာမှု အပြင် မိုင်းမြို့အတွင်း မျောက်များလဲတွေ့ရှိရသည်။ ယခုအခါတွင် ကလေးမျာသည် ခွေးကိုက်ခံရခြင်း အန္တရာယ် နှင့် ကြုံတွေ့နေရပြီး ခွေးရူးပြန်ရောဂါ တို့သည် အဓိက စိုးရိမ် စရာဖြစ်လာသည်။
ရောဂါ ကြိုတင်ကာကွယ် ရန် မြန်မာယန်စီမှ ခွေးရူးပြန်ရောဂါ ပညာပေးအသိပညာဟောပြောပွဲများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
ဆားလင်ကြီး မြို့နယ်၊ ထနောင်းကုန်းကျေးရွာ ကျေးရွာ ၊ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၁.၁.၂ဝ၁၉ တွင် မြန်မာယန်စီကုမ္ပဏီ၊ နယ်လှည့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု့ အဖွဲ့၊ Sisterကြီး ဒေါ်ရှိုင်းနီးမွန်းမှ ခွေးရူးပြန်ရောဂါ အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ကျန်းမာရေး ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျောင်းသား၊ ကျောင်းသူ(၃၀၅ )ဦးနှင့် ဆရာ၊ ဆရာမ(၂၅)ဦး တက်ရောက်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ဒေသတွင်နေထိုင်သူများကျန်းမာခြင်း နှင့် ဘဝတန်ဖိုးတိုး တက်စေရန် မြန်မာယန်စီကြေးနီကုမ္ပဏီမှ ပရဟိတလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ နှစ်စဉ် mobile medical team နှင့် ဆရာဝန်များ သူနာပြုများ ကထောက်ပံပေးခြင်းများရှိပါသည်။ မြန်မာယန်စီကြေးနီကုမ္ပဏီ၏ အစီအစဉ်ဖြင့်တစ်ရွာမှတစ်ရွာ (ရွေ့လျား )ကျန်းမာရေး ကာကွယ်စောင့် ရှောက်မှုများကို စီမံဆောင်ရွက်ခဲ့ပါသည်။

health talk rabies minetown 2

health talk rabies minetown 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.