မြန်မာယန်စီရေသဘင်ပွဲတော်

mytclthingyan 2019 1
တစ်နှစ်ပတ်လုံး မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် သင်္ကြန်ရေသဘင်ပွဲတော်သည် အကြီးမားဆုံး နှင့် လူတိုင်းအတွက် ကောင်းမွန်သော အရာများ ငြိမ်းချမ်းမှုများ သယ်ဆောင်လာသည်ဟု ယုံကြည်ကြသည်။ မြန်မာလူမျိုးများသည် မြန်မာ့နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကိုကျင်းပကြသည်။ သင်္ကြန်ကို မြန်မာနိုင်ငံတွင် အများပြည် သူရုံးပိတ်ရက်အဖြစ်သက်မှတ်ထားသည်။ အများအားဖြင့် ၁၃ရက်နေ့မှစပြီး လေးရက်ကြာကျင်းပကြပြီး မြန်မာသင်္ကြန်ပွဲတော်၏ရက်စွဲများကို မြန်မာရိုးရာပြက္ခဒိန် နှင့်အညီတွက်ချက်ကြသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက်နေ့၊ မိုင်းမြို့ ကစားကွင်း တွင် မြန်မာရိုးရာ ရေသဘင်ပွဲတော်ကို ကျင်းပခဲ့သည်။အကြိုနေ့ဟုခေါ်သော ၂၀၁၈ ခုနှစ် ဧပရယ် (၁၃)ရက် နေ့မှစ၍မိုင်းမြို့ ကစားကွင်းတွင် မြန်မာယန်စီ မှ ရေသဘင်ပွဲတော် ကိုကျင်းပပေးခဲ့ပြီး ဌာနအားလုံးမှလာ ရောက်လည်ပတ်ကြသည့် ဧည့်သည်တော်များကို မြန်မာ့ရိုးရာ အစားစားများဖြင့် လေးရက်တိုင်တိုင် ကျွေးမွေး ခဲ့ကြသည်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မြန်မာယန်စီ မန်နေဂျင်းဒါရိုက်တာ မစ်စတာ ဝမ်ရှမ်းတန်၊ တရုတ် ဝန်ထမ်းများ၊ မြန်မာယန်စီဌာ နမှုးများ၊ နှင့် အများနှင့်ဆိုင်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ၏ ကိုယ်စားလှယ် ဦးတိုးလွင် တက်ရောက်ခဲ့ကြသည်။ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာ အကအဖွဲ့များမှ သင်္ကြန်သီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။နှစ်သစ်ကူးကျင်းပသည် နှင့်အညီ သီချင်းဆိုလိုသူများအတွက် ကာရာအိုကေ စင်ကိုလည်း တပ်ဆင်ပေးထားပြီး အလှဆင်ထားသည့် ပန်းပွင့်အဝတ်ကို ဝတ်ဆင်ထားသည့် သင်္ကြန် ပျိုမေများကလည်း မြန်မာရိုးရာ၊နှင့် ခတ်သစ်အကအလှများဖြင့် ဖျော်ဖြေကပြကြသည်။ကလေးငယ်များမှ ၎င်းတို့၏သူငယ်ချင်းများ ၊ဆွေမျိုးများ နှင့် အခြားမည်သူမဆို ရေရွဲရွဲစိုရေရန် ရေသေနတ် များဖြင့် ရေကစားကြပြီး သံဃာတော်များ နှင့် သက်ကြီးရွယ်အိုများ ကိုရေပတ်ခြင်းမပြုလုပ်ကြပါ။
 
mytclthingyan 2019 2
mytclthingyan 2019 3
mytclthingyan 2019 4
mytclthingyan 2019 5
mytclthingyan 2019 6
mytclthingyan 2019 7

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.