MYTCL မှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တွင် လှူဒါန်းခြင်း

wed 1
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ကို သဘာဝပတ်ဝန်းကျင် လုပ်ငန်းဆောင်ရွက်ချက်များအတွက် နှစ်စဉ်ကျင်းပ လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းလုံတွင် လည်း ဇွန်လ (၅)ရက်နေ့တိုင်းကျင်းပကြသည်။ ယခုနှစ်ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေ: နေ့နှစ်ပတ်လည် ဆောင်ပုဒ်မှာ “လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဖြစ်ပါသည်။ မြန်မာယန်စီ ကော့ပါးကုမ္ပဏီမှ ယခုနှစ် အခမ်းးအနားတွင် ပါဝင်ခဲ့ပြီး ယခုကဲ့သို့ကျင်းပခြင်းအားဖြင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တိုးမြှင့်ခြင်း၊ ကုမ္ပဏီများ နှင့် လူမှု့အသိုင်းအဝိုင်းများမှ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ တစ်ဦးချင်းစီ မှလည်း တာဝန်အလိုက် ဆောင်ရွက်ရန်၊ အခြေခံသဘောတရားများတိုးတက်ရန် စသည့် အခွင့်အရေးများနှင့်အတူ မြန်မာ နိုင်ငံကို ပေးအပ်ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို မုံရွာမြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။ ၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဖွင့်ပွဲအခမ်း အနားတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးတင်မြင့်နိုင်မှ အဖွင့်မှာစကားပြောကြားခဲ့သည်။ မြန်မာယန်စီ စီနီယာ များမှ ဖွင့်ပွဲ့အ ခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာယန်စီ မန်းနေဂျင်းဒါရိုက်တာ မစ်စတာ ဝမ် ရှန်းတန် ကိုယ်စား မြန်မာငွေ သိန်း(၂၀) ကျပ် လှူဒါန်းခဲ့သည်။
မြန်မာယန်စီ ၏ စီနီယာ အဖွဲ့ဝင် တစ်ဦး နှင့် PR&CSD အဖွဲ့များသည် ဒေသဆိုင်ရာ အစိုးရမှ ပေးအပ်သည် ကျေးဇူး တင်ဂုဏ်ပြုလွှာ လက်ခံရယူရန်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
 
wed 2
wed 4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.