ကလေးငယ်များအား ဗီတာမင်-A ဆေးလုံးများတိုက်ကျွေးရန်ရည်ရွယ်လျက်၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် Vitamin A campaign လုပ်ဆောင်လျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တောင်ပလူကျေးလက်ကျန်းမာရေး ဌာနမှ အသက်(၅ နှစ် ) အောက် ကလေးငယ်များအတွက် ဗီတာမင် ဆေးလုံးများ နှင့် အဟာမှုန့် ပေးဝေခဲ့သည်။ ၎င်း အစီစဉ်ကို ၂၀၁၉ ၊ ဩဂုတ်လ (၁၄) ရက် နေ့ မြန်မာယန်စီ မိုင်းမြို့ဝန်ထမ်း ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။ မိမိတို့၏ ကလေးငယ်များ ကျန်းမာဖွံဖြိုးတိုးတက်စေရန် မိုင်းမြို့မိသားစုဝင်များမှ မိခင် အယောက် ၆၀ ခန့် နှင့် ၎င်းတို့၏ ကလေးများ ဤအစီစဉ်တွင် ပါဝင်ခဲ့ကြသည်။