လက်ပတောင်း တောင်ကြားစေတီ ဗုဒ္ဓပူဇနိယပွဲတော်

latpadaung ceremony 1
လက်ပတောင်း တောင်ကြားစေတီ တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် နှင့်ဆွမ်းဆန်စိမ်း လောင်းလှူတော် အလှူတော်မင်္ဂလာ ကို စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျော်ရွာ ကျေးရွာ အနီးတွင် အောက်တိုဘာလ (၉) ရက်နေ့ ၂၀၁၉ တွင် ကျင်းပခဲ့သည်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် အဖွဲ့စည်းနှင့် ဒေသခံ များသည် လက်ပတောင်းတောင် တောင်ကြားစေတီတော်ကြီးတွင် မြတ်စွာဘုရားအားရည်မှန်းပြီး ဆီမီတစ်ထောင်ကပ်လှူ ပူဇော်ပွဲ ကိုကျင်းပ ခဲ့သည်။ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး အရှည် တည်တံခိုင်မြဲစေရန် ရည်သန်လျှက် ဆဌမအကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကို ဂေါပကအဖွဲ့မှကြီးမှူး၍ မြန်မာဝမ်ပေါင် ကုမ္ပဏီ၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ နှင့် နယ်မြေခံဒါယကာ ၊ဒါယိကာမ များစုပေါင်းပြီး လက်ပတောင်းတောင်ကြားစေတီ တော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ အမွေးနံသာ ကပ်လှူပူဇော်ခြင်း အခမ်းနားကိုကျင်းပခဲ့သည်။ ပင့်ဖိတ်ထားသော ဆရာတော် (၅၇) ပါးအား သံဃာ့ဒါန ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ပစ္စည်း များ လောင်းလှူခဲ့ကြသည်။ ၎င်းနောက် မြန်မာယန်စီ မန်းနေဂျင်းဒါရိုက်တာ (Managing Director) Mr. Wang Zhentang ကိုယ်စား PR&CSD ဌာနမှူး ဦးကျော်မိုးမှ အလှူငွေ (၁၀၀၀၀) ကျပ်စီ ဆရာတော်များအား လှူဒါန်းခဲ့သည်။ ဤအခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် စည်ပင်ဝန်းကြီး ဦးမြင့်ကြည်၊ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်၊ ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင် ၊ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ၊ မြန်မာယန် စီကုမ္ပဏီ၊ အများနှင့် ဆိုင်သော မြန်မာစီးပွားရေးဦးပိုင်လီမိတက် မြန်မဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိ ဝန်ထမ်းများ နှင့် သက်ဆိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူးများ တက် ရောက်ခဲ့ကြသည်။
 
latpadaung ceremony 3
latpadaung ceremony 4
latpadaung ceremony 2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.