မြန်မာယန်စီဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ (၃၀)ကြိမ်မြောက်ကထိန်ပွဲတော်

kahtain ceremony 1
မြန်မာယန်စီ ကုမ္ပဏီ၏ ၃၀ ကြိမ်မြောက် ဘုံကထိန်အလှူပွဲတော်ကို မိုင်းမြို့၊ နဝရတ် ခန်းမတွင် ၂၀၁၉ ခုနှဏ် နိုဝင်ဘာလ (၂)ရက်နေ့တွင် ကျင်းပခဲ့သည်။ မိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ၊ဆရာမများနှင့် မြန်မာယန်စီကုမ္ပဏီမှ ဌာနအသီးသီးမှ ကထိန်ပွဲတော်တွင် ပါဝင်ခဲ့ကြပြီး ကထိန်သင်္ကန် နှင့် အခြားလှူဖွယ်ပစ္စည်းများ ကို ဒေသအတွင်းရှိဘုန်းကြီးကျောင်းများသို့ လှူဒါန်းခဲ့သည်။လှူဒါန်းသောပစ္စည်းများမှာ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာ၊ အလှဆင် ချိတ်ဆွဲထားသည့် ပိုက်ဆံများ (သစ်ပင်ပုံစံ) သစ်သားဖြင့် အလှဆင်ထားသည့် ၎င်းကို ပဒေသာပင်ဟုလည်းခေါ်သည်။
နိုဝင်ဘာလ(၂)ရက်နေ့ညနေပိုင်းတွင် သီချင်းသံစဉ်များနှင့်အတူ ပဒေသပင်များကို မိုင်းမြို့တွင်း ကထိန်လှည့် လည်ခဲ့ကြသည်။ ကထိန်ပွဲတွင် ပါဝင်ဆင်နွှဲသူများသည် သစ်လွင်သော အဝတ်အစားများ ကိုဝတ်ဆင်ကြသည်။ဤပွဲတော်၏ ပျော်ရွှင်စရာ ကောင်းသောအခိုက်အတန့်တစ်ခုဖြစ် ပြီးအချို့မှာ သီချင်းသံ စဉ်များနှင့် ကခုန်နေကြသည်။လူများသည်လည်း အိမ်အတွင်းမှ ထွက်လာကာ ကခုန်နေသည်ကို ကြည်ရှု့ကြသည်။ မြန်မာယန်စီ မန်းနေဂျင်းဒါရိုက်တာ Mr. Wang Zhentang နှင့် မြန်မာယန်စီ စီနီယာဝန်ထမ်းများသည်လည်း ဤမြန်မာရိုးရာ ယဉ်ကျေးမှု့ပွဲ တော်တို့ ပါဝင်ဆင်နွှဲကြပြီး ပတ်ဝန်းကျင်ဒေသတွင်ရှိသော ဘုန်းကြီးကျောင်းများသို့လည်းလှူဒါန်းမှု့များပြုလုပ်ခဲ့သည်။
မဲစနစ်ဖြင့် ဆုံးဖြတ်ထားသော ပဒေသပင်များကို သက်ဆိုင်ရာဘုန်းကြီး ကျောင်း များသို့ ကားဖြင့် နိုဝင်ဘာလ (၃) ရက်နေ့တွင် သယ်ယူပို့ ဆောင်ကြသည်။ လှူဒါန်းရန် မဲကြသည့် ဘုန်းကြီးကျောင်းများ မှာ မိုးကြိုးပင် ကျေးရွာ မှ ရွှေဘုံသာကျောင်းတိုက် ၊ အောင်ချမ်းစည် ကျေးရွာ မှ အောင်ချမ်းစည်ကျောင်းတိုက် ၊ ဖောင်း ကားကျေးရွာ မှ ရွှေအုန်းပင်ကျောင်းတိုက် တို့ဖြစ်ကြသည်။
 
kahtain ceremony 3
kahtain ceremony 2
kahtain ceremony 4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.