အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ အတွက် ပြင်ဆင်ခြင်း

pakhangyi 01
နှစ်စဉ် ကျင်းပလေ့ရှိခဲ့သော ကုမ္ပဏီတွင်း အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲကို လာမည့် လအနည်းငယ်အတွင်းတွင် ကျင်းပတော့မည်ဖြစ်သည်။ ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာဖြင့် ပြိုင်ပွဲတစ်ခု အဖြစ်သာမက ပြပွဲကိုပါ ဖျော်ဖြေမှု တစ်ခုအဖြစ် ထည့်သွင်းထားသည်။

ရည်ရွယ်ချက်မှာ ၀န်ထမ်း၏ အင်္ဂလိပ်စာအရည်အချင်းကိုမီးမောင်းထိုးပြရုံသာမက၎င်းတို့အားအတူတကွ အလုပ်လုပ်သည့် စုပေါင်းလူတန်းစားအဖြစ် ရှုမြင်ရန်လည်းဖြစ်သည်။

အင်္ဂလိပ်စာစွမ်းရည် ပြပွဲနှင့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သည့်အနေဖြင့် ပြပွဲအကြို  ဓာတ်ပုံရိုက်ကူးရေးကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့က ပခန်းကြီးမြို့ဟောင်းရှိ ရှေးဟောင်း ကျောင်းတော်ကြီးတွင် ပြုလုပ်ခဲ့သည်။ MD နှင့်တကွ ပြပွဲအတွက် တာဝန်ရှိသူများအားလုံး ခရီးစဉ်တွင် ပါဝင်ခဲ့သည်။ ပြပွဲတွင် အင်္ဂလိပ်စာစွမ်းရည်ကို ပြသရုံသာမက မြန်မာ့ယဉ်ကျေးမှု ရှေးရိုးရာ ဝတ်စားဆင်ယင်မှုကိုပါ တွေ့မြင်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ရှေးဟောင်းအဆောက်အဦးကို နောက်ခံထားကာ ဝန်ထမ်းများအနေဖြင့် အားတက်သရော ပါဝင်ရိုက်ကူးခဲ့ကြသည်။ ပြပွဲတွင် Mining ဌာန၊ ES ဌာနနှင့် Management ဌာနမှ ဝန်ထမ်းများ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ ဓာတ်ပုံများကိုလည်း PR & CSD ဌာနမှ ဦးတင်ထွန်းအေးက တာဝန်ယူ ရိုက်ကူးပေးခဲ့သည်။
 
pakhangyi 02
pakhangyi 03
pakhangyi 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.