၂၀၁၉ အမျိုးသားကာကွယ်ဆေးထိုးပေးခြင်း အစီစဉ်

national vaccination project 03
မြန်မာနိုင်ငံတွင်ရှိသော ကလေးအများစုသည် ယခင်ကထက် ပိုပြီး ကာကွယ်ဆေး ထိုးနှံခဲ့ကြသော်လည်း ဝက်သက်နှင့် ဆုံဆို့ ကဲ့သို့သော ကာကွယ်ဆေး ထိုးပြီးကာကွယ်နိုင်သော ရောဂါများဖြစ်ပွားမှုမှာ သိသိသာသာ ကွာဟချက်များ ရှိနေဆဲဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ် (၈၇)% ခန့်သည် တီဘီရောဂါကို ကာကွယ်နိုင်သော ဘီစီဂျီ ရောဂါ ကာကွယ်ဆေးကို ထိုးခံနေကြရသော်လည်း ဝက်သက်၊ ဂျိုက်သိုး ကဲ့သို့ ငါးမျိုးပါ ကာကွယ်ဆေးထိုးခြင်းမှာ ကျဆင်းသွားပါသည်။ 

 (၁၂) လနှင့် (၂၃) လကြားရှိ ကလေးသူငယ်အားလုံး၏ ထက်ဝက်ကျော်သည် အခြေခံကာကွယ်ဆေးထိုးရန် အပြည့်အ၀ ရရှိကြသည်ဟု ဆိုလိုပါသည်။ ယူနီဆက်သည် အထူးသဖြင့် ရောက်ရှိရန် ခက်ခဲသော နေရာဒေသများ  အတွက် သဟဇာတဖြစ်သော ဝယ်ယူရေးဆိုင်ရာများ၊ ကာကွယ်ဆေးများ ပြတ်တောက်ခြင်းမှ လျော့ချရန် ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့မှုဆိုင်ရာ စီမံခန့်ခွဲမှုများ၊ အရည်အသွေးပြည့် လုပ်ရိုးလုပ်စဉ် ကာကွယ်ဆေးထိုးပေးခြင်းနှင့် အခြားအရေးကြီးသော ဝန်ဆောင်မှုများအား တန်းတူညီမျှဖြစ်ဖို့ရာ စသော တိုင်းပြည်ဖွံ့ဖြိုးရေး စနစ်ကို အားကောင်းလာစေရန် အစိုးရကို ကူညီထောက်ပံ့ပေးပါသည်။

ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးအသစ်များ ထိုးနှံမည့် နှစ်ရှည် စီမံကိန်း (၂၀၁၇ - ၂၀၂၁) ကို ကူညီပံ့ပိုးပေးနေပါသည်။

၂၂-၁၁-၂၀၁၉ ရက်နေ့တွင် မြန်မာယန်စီကော့ပါးလီမိတက် မိုင်းဆေးရုံတွင် ဒေသခံကလေးများအားလုံးကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပါသည်။

 
national vaccination project 01
national vaccination project 02
national vaccination project 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.