မြန်မာယန်စီ အားကစားလှုပ်ရှားမှုများ

sport activities 01

မြန်မာယန်စီကြေးနီကုမ္ပဏီလီမီတက်သည် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစိုက်မတ်မတ်အကောင်အထည်ဖော်လျက် ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွက် အောက်ပါအားကစားလှုပ်ရှားမှုအသင်းကြီး ၃ ရပ်ကို စတင်ဖွဲ့စည်းလိုက်သည်။ ယင်းတိုမှာ
(က) မြန်မာယန်စီ မာရသွန်ကလပ် ( MMC)
(ခ) မြန်မာယန်စီ ဘော်လီဘောကလပ် (MVC) နှင့်
(ဂ) မြန်မာယန်စီ ဘောလုံးကလပ် ( MFC) တို့ဖြစ်ကြသည်။

ပထမဦးစွာ မြန်မာယန်စီကြေးနီကုမ္ပဏီလီမီတက်၏ မန်းနေဂျင်း ဒါရိုက်တာ Mr. Wang Zhentang သည် အားကစားတွင်စိတ်ဝင်စားသည့် ဝန်ထမ်းအချို့နှင့်တိုင်ပင်စည်းဝေးကာ မြန်မာယန်စီ၏အားကစားလှုပ်ရှားမှု မှန်ကန်စွာပေါ်ထွန်းလာရေးအတွက် အားကစားသမားတို့၏ စိတ်သဘောထားဆန္ဒကို ရယူပြီး အထက်ပါအသင်းကြီး ၃ သင်းအတွက် လူရွေးချယ်မှုအစီအစဉ်အသေးစိပ်အကြောင်းကို မြန်မာယန်စီ ဌာနအားလုံးသို့ အသိပေးကြေညာစေသည်။မြန်မာယန်စီမှ ဝန်ထမ်းများ၏ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ အားကစား စိတ်ဓာတ်နှင့် အသင်းအဖွဲ့ စိတ်ဓာတ်များ ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြီး ဌာနပေါင်းစုံမှ အားကစားသမားများကို စတင်ရွေးချယ်ခဲ့သည်။မြန်မာယန်စီ မာရသွန်ကလပ်အတွက် လူရွေးချယ်မှုကို ၂၀၁၉ခုနှစ် ဩဂုတ်လ ၁၈ ရက် နံနက် ၆ နာရီတွင် ဖိုလ်ဝင်တောင်မှစတင်ကာ မြန်မာယန်စီ စီအက်ဒီရုံးဂိတ်အထိ မာရသွန်ပြေးလမ်းတလျှောက် ယှဉ်ပြိုင်စေခဲ့သည်။ မြန်မာယန်စီ ဘောလီဘောကလပ်အတွက်မူ ၂၀၁၉ခု ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာယန်စီ ဘော်လီဘောကွင်းအတွင်း အားကစားသမားရွေးချယ်ရေးအစီစဉ်ပါအတိုင်း အရည်အချင်းစွမ်းရည်ပြသစေခဲ့ပြီး ဘော်လီဘောအားကစားသမား ၁၅ ဦးအား မြန်မာယန်စီဘော်လီဘောကလပ်အတွက် ရွေးချယ်လိုက်သည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာယန်စီဘောလုံးကလပ်အတွက် ဘောလုံးအားကစားသမားများအား အပြီးသတ်ရွေးချယ်ခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာယန်စီမှ မှ အဆိုပါ အသင်း ၃သင်းအတွက် အားကစားပွဲစတင်နိုင်ရန်အတွက် တူညီဝတ်စုံများပေးအပ်ပွဲနှင့် ထူးချွန် အားကစားမောင်မယ်များအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မန်းနေဂျင်း ဒါရိုက်တာ Mr. Wang Zhentang နှင့်အတူ အားကစား ကော်မတီ အဖွဲ့ဝင်တို့ မှပူးပေါင်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

sport activities 02

sport activities 03
sport activities 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.