ထုပ်ဆီးတိုး အားကစား နှင့် စုပေါင်းလမ်းလျှောက်ပွဲ

htoke see toe walathon01

မြန်မာယန်စီကြေးနီကုမ္ပဏီလိမိတက်တွင် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုသော အားဖြင့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပရေးဦးစီးကော်မတီမှကြီးမှူးလျက် အမျိုးသမီးထုပ်ဆီးတိုး ပြိုင်ပွဲကို ၂၀၁၉ ဒီဇင်ဘာလ၊ ၇ရက် (စနေနေ့) ညနေ ၄ နာရီတွင် စတင်ကျင်းပပေးခဲ့ရာ မိုင်းဝန်ထမ်းများ၊ဝန်ထမ်းမိသားစုများနှင့် တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ထို့အပြင်ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်ဆောင်စေရန်အတွက် စုပေါင်းလမ်းလျှောက်ပွဲ (ပထမအပါတ်)ကို ၂၀၁၉ ဒီဇင်ဘာလ ၈ရက် (တနင်္ဂနွေနေ့) နံနက် ၅နာရီ ခွဲတွင် မိုင်းမြို့နဝရတ်ခန်းမ ရှေ့မှ စတင်တာလွှတ်ပြီး မိုင်းမြို့တစ်ပါတ် လမ်းလျှောက်ခဲ့ကြပါသည်။ စုပေါင်းလမ်းလျှောက်ပွဲ သို့ပါဝင်ဆင်နွှဲသူများအား တာဝန်ရှိသူများက ကံစမ်းမဲ အစီစဉ်များနှင့် အာဟာရ မုန့်များကိုလဲ ပေးဝေခဲ့ပါသည်။ဒီဇင်ဘာ အားကစားလှုပ်ရှားမှုများအဖြစ် ဒီဇင်ဘာလ၏ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ကျန်းမာရေးပိုမိုကောင်းမွန်စေရန် နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာရှိရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်။

htoke see toe walathon02

htoke see toe walathon03
htoke see toe walathon04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.