ဘေးအန္တရာယ်ကင်းရှင်းခြင်း ဆိုင်ရာ လုပ်ငန်းခွင်ဝင် ဗီဒီယို

safety induction video01

ကျန်းမာရေးနှင့်အန္တရာယ်ကင်းရှင်းရေးဗီဒီယိုများကိုကုမ္ပဏီများမှ ဝန်ထမ်းများနှင့်ဧည့်သည်များအားကုမ္ပဏီသို့မ ဝင်မီအန္တရာယ်များကိုသိရှိရန်နှင့် အန္တရာယ်ရှိပါကလိုအပ်သောကြိုတင်ကာကွယ်မှုများပြုလုပ်ရန်အသုံးပြုသည်။ အဖွဲ့အစည်း တော်တော်များများသည် သူတို့၏ ဝန်ထမ်းများနှင့်ကန်ထရိုက်တာများအားလုံးကို လုပ်ငန်းခွင်အခန်းကဏ္ဍတွင်စတင်မလုပ်ကိုင်မီ ပြည့်စုံသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းခြင်း ဆိုင်ရာ လုပ်ငန်းခွင်ဝင် ဗီဒီယိုကိုဖန်တီးကြသည်။

မြန်မာယန်စီကုမ္ပဏီတွင်လဲ တန်ခူးရှပ်ရုင်ထုတ်လုပ်ရေး မှ ဝန်ထမ်းများအတွက်လုံခြုံမှုဆိုင်ရာ လုပ်ငန်းခွင်ဝင် ဗီဒီယို တစ်ခု ဖန်တီးခဲ့ပါသည်။ တန်ခူးရှပ်ရုင်ထုတ်လုပ်ရေး သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင်စတင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဤ ဗီဒီယို တွင်သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းဧရိယာ၊ ပတ်ဝန်းကျင်စောင့်ကြည့်လေ့လာခြင်း၊ စီစီတီဗီဖြင့် စောင့်ကြည့်လုပ်ဆောင်ပုံ၊ ကွဲပြားသောကာကွယ်ရေးဝတ်စုံများ၊ဝန်ထမ်းကဒ်များအကြောင်းစသဖြင့်ရိုက်ကူးခဲ့ပါသည်။သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းဧရိယာတွင် မော်တော်ယာဉ်များနှင့်သတ္တုတူးဖော်ခြင်းဖြစ်စဉ်များကိုရိုက်ကူးခဲ့ပါသည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးစောင့်ကြည့်လေ့လာမှုတွင် သတ္တုတွင်းနေရာတွင်ရှိသော ဖုန်နှင့်အခိုးအငွေ့များထိန်းချုပ်ထားပုံကိုအဓိကထားပြီးရိုက်ကူးခဲ့ကြပါသည်။ပင်မတံခါးဝင်ပေါက်တွင် ဝန်ထမ်းများလုပ်ငန်းခွင်ဝင်ရောက်ပုံနှင့်အလုပ်လုပ်ရန်၊ဝန်ထမ်းကဒ်အသုံးပြုပြီးလုပ်ငန်းခွင်နေရာသို့သွားလာကြသည်များကိုမှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။ စီစီတီဗီ လုပ်ငန်းတွင် စီစီတီဗီ အသုံးပြုရခြင်း ၏လက်မှတ်နှင့်မူဝါဒများကိုလဲရိုက်ကူးခဲ့ကြပါသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှုတွင် ချင်းတွင်းမြစ်မှရေနမူနာကောက်ယူခြင်းနှင့်ရေစုပ်စက်၌မည်သို့လည်ပတ်သည်ကိုရိုက်ကူးခဲ့သည်။

ကာကွယ်ရေးဝတ်စုံများ၊ဘေးကင်းလုံခြုံမှုနှင့်သတိပေးသင်္ကေတအမျိုးမျိုးများထားရှိရခြင်းအကြောင်းရှင်းပြရန် အတွက် မြန်မာနှင့်တရုတ်ဝန်ထမ်းများကို အင်တာဗျူးများပြုလုပ်ပြီးရိုက်ကူးခဲ့ကြသည်။ ဤစီမံကိန်းတွင်အလုပ်ပါမစ်လုံခြုံရေး၊ မော်တော်ယာဉ်စစ်ဆေးခြင်း၊ ကယ်ဆယ်ရေးအဖွဲ့၏လေ့ကျင့်ခန်း၊ အန္တရာယ်ရှိသောအခြေအနေနှင့်အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်း (မီးဘေးလေ့ကျင့်ခြင်း) ကိုအစီရင်ခံခြင်းကိုလဲ ရိုက်ကူးခဲ့ပါသည်။ အဆိုပါဗီဒီယိုကို ၆ရက်ကြာ ရိုက်ကူးခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင်ထုတ်လုပ်ရေးအဖွဲ့သည်အဆိုပါဗီဒီယိုအဆုံးသတ်ခဲ့ပြီးနေ့လည်၂:၀၀ တွင်(မိုင်း)သတ္တုတွင်းမှ ရန်ကုန်သို့ပြန်လည်ထွက်ခွာခဲ့သည်။အဆိုပါ ဗီဒီယိုကို ၂၀၂၀ ဇန်နဝါရီလမှာ အဆင်သင့်ဖြစ်မည် ဟုခန့်မှန်းရသည်။
safety induction video02
safety induction video03
safety induction video04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.