မြန်မာယန်စီဘောလုံးကလပ်၏ အားကစားလှုပ်ရှားမှုများ

football team 01

ဘောလုံးအားကစားသည် ကျွနု်ပ်တို့အတွက်ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေသည်။ ထိုအားကစားသည် ရုပ်ပိုင်းဆိုင်ရာအရ အားကစားသမားများ၏ မြန်နှုန်း၊ သွက်လက်မှု နှင့်အားအင်များကို ဖြည့်တင်းပေးရုံသာမက ကိုယ်လက်လှုပ်ရှားမှုနှင့် နှလုံးသွေးကြောဆိုင်ရာ ခံနိုင်ရည်ကိုလဲ တိုးတက်စေသည်။

မြန်မာယန်စီကြေးနီကုမ္ပဏီလီမီတက်သည် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစိုက်မတ်မတ်အကောင်အထည်ဖော်လျက် ရှိပါသည်။ မြန်မာယန်စီ ဘောလုံးကလပ် (MFC) ကို၂၀၁၉ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့တွင် စတင်ရွေးချယ်ရန် စီစဉ်ခဲ့ပြီး  နိုဝင်ဘာလ ၂၆ ရက်နေ့တွင်  ဘောလုံးအားကစားသမားများအား အပြီးသတ်ရွေးချယ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မြန်မာယန်စီမှ မှ အဆိုပါ ဘောလုံးကလပ် အတွက် အားကစားပွဲစတင်နိုင်ရန်အတွက် တူညီဝတ်စုံများပေးအပ်ခဲ့သည်။ ဌာနတွင်းဆိုင်ရာ အခြားသော အသင်းများနှင့် ယှဉ်ပြိုင်ရန်အတွက် စတင်လေ့ကျင့်နေပြီ ဖြစ်ပါသည်။

football team 02

football team 03
football team 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.