(၇၂)ကြိမ်မြောက်လွတ်လပ်ရေး အားကစားပွဲများကျင်းပခြင်းအခမ်းအနား

sport festival 01

(၇၂)ကြိမ်မြောက်မြန်မာ့ လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြန်မာယန်စီကုမ္ပဏီသည် မိုင်းဝန်ထမ်းမိသားစုများအတွက် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ၂၀၂၀ ဇန်နဝါရီလ ၁၈ရက်နေ့တွင် မိုင်းမြို့အားကစားကွင်းတွင် ကျင်းပပေးခဲ့ပါသည်။

ကျန်းမာရေးပိုမိုကောင်းမွန်စေရန်နှင့် ပတ်ဝန်းကျင်ကျေးရွာများ စည်းလုံးညီညွှတ်စေရန်ရည်ရွယ်၍ မြန်မာယန်စီမှ နှစ်စဉ်အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ အားကစားအမျိုးအစားများမှာ အပြေးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်၊ ဂေါ့ဖ်ရိုက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဝက်ဖမ်းပွဲ၊ တုပ်ဆီးထိုးနှင့် ဘောလုံးပြိုင်ပွဲများကို နေရာအနှံ့တွင် ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

မြန်မာယန်စီရှိဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်မှ ဝန်ထမ်းများနှင့် မိသားစုများ ပတ်ဝန်းကျင်ကျေးရွာရှိ ရွာသူရွာသားများသည် အားကစားပွဲများကို ဝင်ရောက်ဆင်နွှဲခဲ့ပြီး စိတ်အားထက်သန်စွာဖြင့် ချစ်ခင်ရင်းနှီးယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ဆုရရှိသူများကိုလဲ ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။ သစ်လွင် ဇာတ် ပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် ဇန်နဝါရီ ၂၅၊၂၆ ညများတွင် နှစ်ညတာ ကပြဖျော်ဖြေသွားမည်ဖြစ်ပါသည်။

sport festival 02

sport festival 03
sport festival 04
sport festival 05
sport festival 06

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.