ဘောလီဘောနှင့် ပိုက်ကျော်ခြင်း အားကစားပွဲများ

volleyball sepak takraw 01

ဘော်လီဘော အားကစားသည် လူကြိုက်များသော အားကစားဖြစ်ပြီး တစ်ဘက်လျှင် ကစားသမား၆ယောက်စီဖြင့် ကစားရသော အားကစားဖြစ်သည်။ အသင်းတစ်ခုစီသည် ဘောလုံးကို ပြန်လှည့်ရန်ကြိုးစားမှုသုံးခုရှိသည်။ ပိုက်ကျော်ခြင်းသည် ဘောလီဘော ကစားနည်းနှင့် ဆင်တူသော်လဲ လက်မသုံးဘဲ ခြင်းလုံးကို ခြေထောက်ဖြင့် ခတ်ရသော ကစားနည်းဖြစ်သည်။ မြန်မာယန်စီသည် ကျန်းမာရေးပိုမိုကောင်းမွန်စေရန် နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာရှိရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်။

မြန်မာယန်စီသည် ဆောင်းရာသီ အားကစားပွဲများ များစွာကျင်းပခဲ့ပါသည်။ ဒီအပါတ်တွင်လဲ ဘောလီဘောနှင့် ပိုက်ကျော်ခြင်း ကစားနည်းများကျင်းပပေးခဲ့ပါသည်။ ဘောလီဘော ကစားနည်းကို အားကစားသမားများသည် ဇန်နဝါရီ ၂၀ရက်နေ့တွင် ကစားကွင်းတွင် လာရောက်ကစားခဲ့ကြသည်။ ကစားသမားများသည် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ပါသည်။ မြန်မာယန်စီကြေးနီကုမ္ပဏီလီမီတက်သည် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစိုက်မတ်မတ်အကောင်အထည်ဖော်လျက် ရှိပါသည်။

volleyball sepak takraw 02

volleyball sepak takraw 03
volleyball sepak takraw 04
volleyball sepak takraw 05
volleyball sepak takraw 06

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.