ရုတ်တရက်ဝင်ရောက်စစ်ဆေးခြင်း-အဆင်ပြေချောမွေ့ခြင်း

drugabuse 01

၂၀၂၀ဖေဖော်ဝါရီ ၅ရက်နေ့တွင်စစ်ကိုင်းတိုင်းဒေသကြီး ထိန်းချုပ်မှုရှိဓာတုပစ္စည်းများ နှင့် မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေး ကော်မတီသည် မြန်မာယန်စီ ကုမ္ပဏီသို့ ရုတ်တရတ် စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

ကော်မတီကို စစ်ကိုင်းတိုင်းဒေသကြီးထိန်းချုပ်ထားသည့် ဓာတုပစ္စည်းများနှင့်မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေးကော်မတီဥက္ကဌ ဒုတိယရဲမှူးကြီးလှိုင်တင့်မှဦးဆောင်၍၊ RCPC & DACC အတွင်းရေးမှူးရဲဒုဗိုလ်မှူးကြီးသန်းအေး ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ ဒေသဆိုင်ရာအကောက်ခွန် ဦးစီးဌာန စစ်ဆေးရေးမှူး ဦးဇော်ဇော်ထွန်း၊ ဒေသဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒေါ်ဌေး၊ ရဲစခန်းရဲတပ်ဖွဲ့IP နိုင်လင်းလင်းထွန်း၊ မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးရဲတပ်ဖွဲ့ ရဲတပ်ကြပ်ကြီးတေဇအောင်၊ မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေးရဲတပ်ဖွဲ့ ရဲတပ်ကြပ်သောင်းပိုတို့ ပါဝင်ခဲ့ကြပါသည်။

ထိုအဖွဲ့သည် ဆိုက်ဒ် ဧရိယာ များ၌စစ်ဆေးပြီးအဓိကအားဖြင့်ဆာလ်ဖာအက်ဆစ်သိုလှောင်ရုံများ၊ အက်ဆစ်အသုံးပြုမှု၊ Tank-house A & C ရှိပစ္စည်းများအတွင်း ကိုင်တွယ်ခြင်းနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်၊ လက်ကျန်စာရင်းများထားရှိပုံ၊ ၊ ပုံမှန်အစီရင်ခံမှုနှင့် CPC စည်းမျဉ်းများကိုလိုက်နာခြင်းတို့ကိုစစ်ဆေးခဲ့ပါသည်။ ဝန်ထမ်းများအားလုံးအတွက် အချိန်မရွေးအသုံးပြုရန် လေ့ကျင့်သင်ကြားပေးသည့် သက်ဆိုင်ရာစံလည်ပတ်မှုလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကိုပါ စစ်ဆေးခဲ့ပါသည်။

ထို့အပြင်သူတို့သည်ဓာတုပစ္စည်းကိုင်တွယ်ခြင်း၊ အရေးပေါ်တုန့်ပြန်မှုများနှင့် လုံခြုံရေးမူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများထုတ်လုပ်ရာတွင် အက်ဆစ်အလွဲသုံးစားမှုကို ထိန်းချုပ်ရန်စည်းရုံးခြင်းကိုအသိပညာပေးပြောခဲ့ကြပါသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ရုတ်တရက်ဝင်ရောက်စစ်ဆေးခြင်းသည် အဆန်းမဟုတ်ပါ၊ထို့အပြင် မြန်မာယန်စီသည်အမြဲတမ်းနိုးနိုးကြားကြားရှိပြီး ထိုကိစ္စများအတွက်အမြဲတမ်းပြင်ဆင်ထားပါသည်။


drugabuse 02

drugabuse 03
drugabuse 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.