COVID-19 အတွက်ကျန်းမာရေးဟောပြောပွဲ

covid healthtalk 01

ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို ထိရောက်သည်။ COVID-19 သည် အအေးမိခြင်းနှင့် ပြင်းထန်သောရောဂါများမှ စတင်ဖြစ်ပွားစေသောဗိုင်းရပ်စ် တစ်ခုဖြစ်သည်။ထိုဗိုင်းရပ်စ်သည် အဓိကအားဖြင့်(၆ ပေခန့်အတွင်းရှိ) လူတစ် ဦး မှတစ် ဦး သို့ ကူးစက်နိုင်သော ရောဂါတစ်ခုဖြစ်သည်။ ရောဂါကူးစက်မှု၏ လက္ခဏာများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ၊ အဖျားတက်ခြင်းနှင့်ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့်အသက်ရှူရခက်ခဲခြင်း တို့ပါဝင်သည်။ ဤရောဂါပိုးများသည် ပါးစပ်၊နှာခေါင်းမှတစ်ဆင့် အဆုတ်အတွင်းသို့ ဝင်ရောက်ပျံ့နှံ့နိုင်သည်။ ယနေ့ခေတ်တွင် COVID-19 ပျံ့နှံ့မှုသည် နိုင်ငံအများစုတွင်တိုးပွားလျက်ရှိနေပါသည်။

COVID-19 ကိုကာကွယ်ရန် မြန်မာယန်စီသည် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ၂၀၂၀၊ မတ်လ ၆ ရက်နေ့ မိုင်းမြို့ခန်းမတွင်ကျန်းမာရေးဟောပြောပွဲတစ်ခုစီစဉ်ခဲ့ပါသည်။ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦး တင့်ဝေသည် COVID-19 အကြောင်း ကျန်းမာရေးအသိပညာကို ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအားပြောကြားပေးခဲ့ပါသည်။ ပျံ့နှံ့နိုင်သည့် နည်းလမ်းများကိုပါ အတိအကျရှင်းပြခဲ့ပါသည်။ကြိုတင်ကာကွယ်ရေးနဲ့အကောင်းဆုံးကုသနည်းက ဖျားနာသူတွေနဲ့နီးနီးကပ်ကပ်မထိတွေ့ရန်၊  မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်ကိုမထိရန်၊ နေမကောင်းဖြစ်ရင်အိမ်မှာနေတာ၊ ချောင်းဆိုးတာ၊ အသုံးပြုပြီးသားတစ်သျှူးများကို စနစ်တကျ စွန့်ပစ်ရန်တို့ဖြစ်ပါသည်။လက်ဆေးခြင်းနှင့်မျက်နှာဖုံးတပ်ဆင်နည်း များကိုလဲ အသေးစိတ် သရုပ်ပြခဲ့ပါသည်။ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကျန်းမာရေးကောင်းမွန်ရန်အတွက် များစွာအထောက်အကူပြုပါသည်။

covid healthtalk 02

covid healthtalk 03
covid healthtalk 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.