မိုင်းမြို့အတွင်း ရေဆိုးကန်ပြုလုပ်ခြင်း

wastewater pond 01

မြန်မာယန်စီကုမ္ပဏီသည် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ကျန်းမာရေး နေထိုင်မှုအဆင်ပြေရေး လူနေမှုအဆင့်အတန်းမြင့်မားရေး တို့ကို အလေးထားဆောင်ရွက်လေ့ရှိပါသည်။

ယခုအခါတွင် မိုင်းမြို့အတွင်း နေအိမ်များရှိရေမြာင်းများ ရေသွားရေလာမပိတ်စေရန်နှင့် စွန့်ပစ်ရေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အတွက် ရေဆိုးကန်ကို မိုင်းမြို့အလယ်ပိုင်းတွင် တူးဖော်လျက်ရှိပါသည်။ ရေဆိုးများကို စနစ်တကျစွန့်ပစ်ပါက ခြင်၊ယင်များ အလွယ်တကူ မပေါက်ဖွားနိုင်သည့်အတွက် ကျန်းမာရေးအတွက်သာမက ပတ်ဝန်းကျင်အတွက်လဲ လွန်စွာကောင်းမွန်ပါသည်။ ထိုရေဆိုးကန်တူးဖော်ရေးကို အင်ဂျင်နီယာဌာနမှ ဦးစီးကာ စိန်ပစ်တိုင်းထောင် ကုမ္ပဏီအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် တူးဖော်စေခဲ့ပါသည်။ ၂၉ရက် ဖေဖော်ဝါရီလမှ စတင်တူးဖော်ခဲ့ရာ ၂၀၂၀ မတ်လမကုန်ခင် လုပ်ငန်းပြီးစီးတော့မည်ဖြစ်ပါသည်။

wastewater pond 02

wastewater pond 03
wastewater pond 04

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.