COVID-19 ကာကွယ်ရန်လုပ်ဆောင်မှုများ

covid 19 01

ကြိုတင်ကာကွယ်ခြင်းဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်မှု အမျိုးအစားတစ်ခုဖြစ်ပြီး  ရည်ရွယ်ချက်မှာ  အနာရောဂါကုသခြင်းမှစပြီးကျန်းမာလာခြင်းနှင့်  ကျန်းမာရေးကိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်းတို့ဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကျွန်ုပ်တို့အားကျန်းမာလာအောင်ကူညီပေးခြင်း၊ လိုအပ်ပါက ချက်ချင်းကုသမှုခံယူနိုင်ခြင်း နှင့်  ကျန်းမာရေးဆိုင်ရာကုန်ကျစရိတ်များကိုလဲလျော့ချပေးပါသည်။ ယခုအခါတွင် COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေပါသည်။ COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကမ္ဘာကပ်ရောဂါအဖြစ်သတ်မှတ်ခဲ့ကြပါသည်။

၎င်းဗိုင်းရပ်စ်သည်အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ် (ချောင်းဆိုးခြင်းနှင့်နှာချေခြင်းမှတစ်ဆင့်) တိုက်ရိုက်ထိတွေ့ခြင်းမှတဆင့်ကူးစက်နိုင်ပါသည်။ အဖြစ်များသောလက္ခဏာများမှာအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ၊  အဖျားတက်ခြင်းနှင့်ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့်အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပါသည်။ COVID-19 အတွက်လက်ရှိတွင် ကာကွယ်ဆေးမရရှိသေးပါ။ ထို့အတွက်ကြောင့် ကြိုတင်ကာကွယ်ခြင်းနှင့် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများမှာ  ကျွန်တော်တို့အတွက် အလွန်အရေးကြီးလှပါသည်။ ကျွန်တော်တို့ မြန်မာယန်စီကုမ္ပဏီအနေဖြင့်လဲ ဤအကျပ်အတည်းကာလတွင် ကာကွယ်ပုံနည်းလမ်းများ နှင့်  ပညာပေးဗီဒီယိုကို ကုမ္ပဏီရှိဝန်ထမ်းများနှင့် ဘေးပတ်ဝန်းကျင်ရှိကျေးရွာများအား ဖြန့်ဝေပေးခဲ့ပါသည်။ လက်ဆေးခြင်း၊ ခရီးသွားခြင်းအား လျော့ချခြင်း၊ အနီးကပ်ထိတွေ့ခြင်းမှရှောင်ကျဉ်ခြင်း၊ အများသုံးနေရာများတွင် တံတွေးထွေးခြင်း၊ တစ်ခါသုံး မျက်နှာဖုံးအသုံးပြုခြင်း၊  အသုံးပြုပြီး တစ်သျှူးကိုအမှိုက်ပုံးထဲသို့ စနစ်တကျထည့်ခြင်း နှင့်သံသယဖြစ်ဖွယ်အရာများဖြစ်ပျက်သောအခါ နီးစပ်ရာသို့ စောင့်ရှောက်မှုကိုခံယူပါ စသည်တို့ကိုလဲ ကြိုတင်ကာကွယ်အစီအစဉ်များအဖြစ် အသိပေးခဲ့ကြပါသည်။ ယခုလိုလုပ်ဆောင်မှုများမှာ လုံခြုံစိတ်ချရပြီးလက်တွေ့ကျသောလမ်းညွှန်မှုကိုပေးရန်ဖြစ်သည်။

covid 19 02

covid 19 03
covid 19 04
covid 19 06

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.