ကူးစက်ရောဂါကာကွယ်တားဆီးရေး ၂၀၂၀

pandemic 01

COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ယခုအခါတွင် ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေပါသည်။ COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ COVID-19 သည် အအေးမိခြင်းနှင့် ပြင်းထန်သောရောဂါများမှ စတင်ဖြစ်ပွားစေသောဗိုင်းရပ်စ် တစ်ခုဖြစ်သည်။ ၎င်းဗိုင်းရပ်စ်သည်အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ် (ချောင်းဆိုးခြင်းနှင့်နှာချေခြင်းမှတစ်ဆင့်) သို့မဟုတ် ကူးစက်မှုရှိသောသူများနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှလဲ တဆင့်ကူးစက်နိုင်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင်လဲ COVID-19 စတင်ပျံ့နှံ့နေသောကြောင့် လူတိုင်းစနစ်တကျ ကာကွယ်မှုလုပ်ရန် လိုပေသည်။ ကျွန်တော်တို့ မိုင်းမြို့အနေဖြင့်လဲ မိုင်းလုပ်သားမြို့ကျန်းမာရေးကြီးကြပ်စောင့်ရှောက်မှုလုပ်ငန်းကော်မတီမှ ဦးစီးကာ မြန်မာယန်စီ၏ ထောက်ပံ့မှုဖြင့် မိုင်းမြို့အတွင်းကြိုတင်ကာကွယ်မှုများကို စတင်ပြုလုပ်လျက်ရှိပါသည်။ အပြင်မှပြန်လာလျှင် အပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာခြင်း၊ လက်ဆေးခြင်း များကို မိုင်းဧရိယာ ဝင်ပါက်(၃)ပေါက်တွင် ထားရှိပြီး တတိယအဖွဲ့အစည်းဖြစ်သော လုံခြုံရေးဝန်ထမ်းများမှ စစ်ဆေးနေပါသည်။ ထို့အပြင် မိုင်းမြို့အတွင်းရှိ ဝန်ထမ်းနှင့်မိသားစုပိုင် မော်တော်ယာဉ်များကို ယာဉ်ဝင်ခွင့်ကဒ်ပြားများ ပြုလုပ်ပေးထားခြင်း နှင့် ပြင်ပဧည့်သည်ကားများ၏ ဝင်ခွင့်များကိုလဲ ဧည့်ဝင်ခွင့်ကဒ်ပြားများစီစဉ်၍ အထူးကြီးကြပ်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏အဆိုအရ ပြည်ပနှင့်နယ်စပ်ဒေသများမှပြန်လည်ရောက်ရှိလာသူများအား (Community Based Facility Quarantine-၁၄ရက်) စတင်ပြုလုပ်ခဲ့ပါသည်။ COVID-19 ဗိုင်းရပ်စ် ဖြစ်ပွားရာဒေသများမှ လာသူများကိုလဲ (Home Quarantine-၁၄ရက်) ပြုလုပ်နေပြီဖြစ်ပါသည်။ နေ့စဉ်အမျှ ကြိုတင်ကာကွယ်မှု အစီအစဉ်များကို မြန်မာယန်စီ၊မြန်မာဦးပိုင်နှင့် မိုင်းကော်မတီတို့မှ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

pandemic 02
pandemic 03
pandemic 04
pandemic 05
pandemic 06
pandemic 07

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.