ဆုပေးခြင်းအခမ်းအနား(Dormitory Leader Awards)

dormitory leader award 01

MYTCL ရောဂါကာကွယ်၊ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း  ဝန်ထမ်းများကိုစီမံကိန်းလုပ်ငန်း၊ဧရိယာအတွင်းသာနေထိုင်၍့ကုမ္ပဏီမှနေထိုင်စရာနေရာများနှင့် အစားအစာများကို ပြင်ဆင်ပြီး ဝန်ထမ်းများကို အလုပ်လုပ်ကိုင်စေခဲ့ပါသည်။ ဝန်ထမ်းများကို အလုပ်ခွင်လုံခြုံမှုရှိစေရန်အတွက် ဝန်ထမ်းနှင့်ကုမ္ပဏီ ပူးပေါင်း၍ စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့ကြပါသည်။ ဤအချိန်အတောအတွင်း မြန်မာယန်စီ၏ အဓိကလုပ်ငန်းမှာ ကုမ္ပဏီသည် ISO 45001 နှင့်အညီ လုပ်ငန်းခွင်ကျန်းမာရေးနှင့်လုံခြုံမှုကိုအဓိက ဦးစားပေး၍ စိတ်ချလုံခြုံစွာ ဆက်လက်လုပ်ကိုင်နိုင်ရန် ဖြစ်သည်။

အဆောင်နှင့်လူနေမှုနေရာများကို ဝန်ထမ်း ၁၃၀၀ ကျော်အား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ ထိုဝန်ထမ်းပေါင်း ၁၃၀၀ ကျော်ကို စည်းရုံးညှိနှိုင်းရန်စီစဉ်ခြင်းနှင့်ပုဂ္ဂိုလ်ရေးတောင်းဆိုမှုများ များစွာရှိပါသည်။ အဆောင်များ၌စနစ်တကျစည်းကမ်းရှိစေရန်အတွက်  အဆောင်မှုးများကို စေတနာ့ဝန်ထမ်းများအဖြစ် ခန့်အပ်ထားပါသည်။ ဤအဆောင်မှုးများသည် လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ရုံသာမက လုပ်ငန်းချိန်ပြင်ပတွင်လဲ မိမိအဆောင်သားများ အဆင်ပြေစေရန်အတွက် လုပ်ဆောင်ပေးကြပါသည်။ ထိုကဲ့သို့လုပ်ဖော်ကိုင်ဖက် အဆောင်သားများအတွက် တာဝန်ထမ်းဆောင်သော အဆောင်မှူးများကို ဂုဏ်ပြုသောအားဖြင့် ဆုများပေးအပ်ခဲ့ပါသည်။ အကြီးတန်းစီမံခန့်ခွဲမှုကော်မတီမှ ဦးစီးရွေးချယ်ကာ ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

dormitory leader award 02

dormitory leader award 03
dormitory leader award 04
dormitory leader award 05

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.