မိုင်းမြို့ကုန်စုံဆိုင်

mine town grocery store 01

ကျွန်ုပ်တို့၏မိုင်းမြို့ကျန်းမာရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအဖွဲ့သည် ကျွန်ုပ်တို့၏မိုင်းမြို့မိသားစုများအတွင်းရှိ COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ရန်အတွက်တာဝန်ရှိသည်။ လွန်ခဲ့သော ၉ လတာကာလအတွင်းသူတို့၏ ကြိုးပမ်းမှုများသည် ဗိုင်းရပ်စ်ပိုးကို ရပ်ရွာထဲမဝင်ရောက်အောင် အတက်နိုင်ဆုံးတားဆီးပေးခဲ့ပြီး ကျွန်ုပ်တို့၏မိုင်းမြို့ကိုပြင်ပနှင့်ထိတွေ့ခြင်းမှကာကွယ်ပေးခဲ့သည်။ ဤကာလအတွင်း ကျွန်ုပ်တို့၏ကော်မတီသည် ရပ်ရွာပြင်ပရှိသူတို့၏ ခရီးများသွားရာဇဝင်များကိုစောင့်ကြည့်ခြင်းနှင့် ခြေရာခံခြင်းအားဖြင့်ကျွန်ုပ်တို့၏မိသားစုဝင်များနှင့်ထိတွေ့မှုကိုလျော့နည်းစေခဲ့သည်။

ထိုကဲ့သို့သောထိန်းချုပ်မှုအစီအမံထိတွေ့မှုကနေ အန္တရာယ်ကိုသိနိုင်ပါသည်။ ယခုဗိုင်းရပ်စ်သည် သတ္တုတွင်းအနီးရှိကျေးရွာများတွင်တွေ့ရပြီး ထိုနေရာများသို့ ဈေးဝယ်ထွက်ခြင်းနှင့်နေ့စဉ် ဝယ်ယူခြင်းရှိသော လူများကို ဘေးကင်းလုံခြုံစေရန်အတွက်ပိုမိုထိန်းချုပ်ရန်လိုအပ်လာပါသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဈေးသည်များမိုင်းမြို့သို့ ဝင်ရောက်လာခြင်းမှ တားမြစ်ရန်အတွက် ကုန်စုံဆိုင်ဖွင့်လှစ်ရန်ကော်မတီကစီစဉ်ခဲ့ပါသည်။ဤဆိုင်တွင်ကော်မတီသည် နေ့စဉ်ကုန်ပစ္စည်းများနှင့် အဓိကကုန်ပစ္စည်းများသာမက ပုံမှန်ဈေးကွက်များထက် ဈေးနှုန်းချိုသာသည့်အသားနှင့်ဟင်းသီးဟင်းရွက်များကိုပါရောင်းချရန်စီစဉ်ခဲ့ပါသည်။ ကုန်ပစ္စည်းများ ဝယ်နေစဉ် လူမှုရေးအကွာအဝေးနှင့်စသည်တို့ကဲ့သို့သော လုံခြုံမှုစည်းမျဉ်းများကိုလိုက်နာရန် ဝယ်ယူသူများကိုလည်း ကော်မတီက အသိပေးအကြောင်းကြားထားပါသည်။ ထို့အပြင်ရောင်းသူနှင့် ဝယ်သူအားလုံးသည်မျက်နှာဖုံးများနှင့်လက်အိတ်များကို ဝတ်ဆင်ရမည်။ မိုင်းမြို့ကော်မတီကုန်စုံဆိုင်သည် ကုန်ပစ္စည်းများကို သင့်လျော်သော နေရာများမှဖြန့်ဖြူးသူများရရှိနိုင်ရန်နှင့်ကျွန်ုပ်တို့နေထိုင်သောလူနေမှုအသိုင်းအဝိုင်း၏လုံခြုံမှုကိုပိုမိုမြှင့်တင်ခြင်းအားဖြင့်ရောဂါဖြစ်နိုင်ချေရှိသောအန္တရာယ်များကိုလျှော့ချနိုင်လိမ့်မည်ဖြစ်ပါသည်။


mine town grocery store 02

mine town grocery store 03
mine town grocery store 04

Strategy Report 2020-2021mytcl report 2021 250x351front View/Download here

 

MYTCL Logo Footter

Please publish modules in offcanvas position.