ကာကွယ်ဆေးများသည် ကလေးများကို ပိုလီယို မေးခိုင် နှင့် ဆုံဆို့နာကဲ့သို့သောရောဂါများမှ ကာကွယ်ပေးရုံသာမက ကလေးတစ်ဦးမှ တစ်ဦးသို့ကူးစက်တက်သောရောဂါများကိုလဲ လျော့နည်းစေပါသည်။ ကာကွယ်ဆေးသည် ကလေးများအတွက် ရောဂါများမခံစားရဘဲ ကိုယ်ခံအားမြင့်တင်ရာတွင် အရေးပါပါသည်။ကာကွယ်ဆေးကို နှောင့်နှေးစေခြင်းမရှိဘဲ အချိန်မှီထိုးရန် လိုအပ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် တောင်ပုလုကျေးလက်ကျန်းမာရေးဌာနမှ ဦးစီးကာ ကြေးနီမိုင်းမြို့တွင် ကာကွယ်ဆေးထိုးပေးခြင်းအစီစဉ် ပြုလုပ်ခဲ့ပါသည်။၁-၁-၂၀၂၁ ရက်နေ့တွင် မြန်မာယန်စီကော့ပါးလီမိတက် မိုင်းဆေးရုံတွင် ဒေသခံကလေးများအားလုံးကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပါသည်။

