အလုပ်အကိုင်အခွင့်အလမ်းများ

sam 2887

MYTCLနှင့် MWMCL သည်ပြန်လည်နေရာချထားပေး ထားသော ရွာများနှင့် ၄င်းတို့၏ လယ်ယာမြေများ ဆုံးရှုံးသွားသူများအား အထူး အခွင့်အရေး ပေးသည့်အနေဖြင့် ၄င်းတို့အတွက် အလုပ်အကိုင် မူဝါဒများ စတင်မိတ်ဆက်ကျင့်သုံးခဲ့ပါသည်။ ၂၀၁၂ တွင်ပြဌာန်းထားသော ၄င်း ပေါ်လစီအရ မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီများ၏ ဌာန အသီးသီးတွင် ဝန်ထမ်းပေါင်း ၅၁၀ ခန့်ထားခဲ့ပါသည်။ ယခုအချိန်တွင် ယင်း ကုမ္ပဏီနှစ်ခုလုံးမှ ဒေသခံ ဝန်ထမ်းစုစုပေါင်း ၂၀၀၀ ကျော်ခန့် ထားပြီးဖြစ်သည်။ မြန်မာဝမ်ပေါင် ကုမ္ပဏီတွင် အရည်စစ်ထုတ်စက်ရုံနှင့် လျှစ်စစ်ဖြတ် စီးစနစ် စက်ရုံတို့တည်ဆောက်ပြီးပါက ဒေသခံလူများ အတွက် အလုပ်အကိုင်အခွင့်အလမ်း များ ၃သုံးဆ တိုးလာမည်ဖြစ်သည်။

ဒေသခံဝန်ထမ်းများအနက် ဘွဲ့ရများအတွက် ရုံးတွင်း အလုပ်များနှင့် လျှပ်စစ်ပညာရှင်၊ ယာဉ်မောင်း၊ ဂဟေဆက်လုပ်သားများနှင့် စက်မှုပညာရှင်များစသော လုပ်ငန်းအသီးသီးအတွက် သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှိပါသည်။ ထို့အပြင် ပညာရေး အခြေခံမရှိသောဒသခံများ အတွက် နည်းပညာဆိုင်ရာ သင်တန်းကျောင်းလည်း ရှိပါသည်။ ယင်းသင် တန်းကျောင်းသည် ဒေသခံ လူများအား လစာဝင်ငွေပိုမိုရရှိရန် နှင့် နည်းပညာဗဟုသုတများတိုးပွားရန် ရည်ရွယ်ပါသည်။ ကုမ္ပဏီတွင် အလုပ် လုပ်ကိုင်ခြင်း မရှိသော ရွာသူရွာသားများ အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန် အတိုးမယူသော ရင်းနှီးငွေထုတ်ချေးခြင်းများ ပြုလုပ်ပေးပါသည်။
MYTCL နှင့် MWMCL တွင် ယနေ့အချိန်ထိ ဝန်ထမ်းအင်အား ၂၂၇၄ ထိ တိုးမြင့်လာပါသည်။ စက်ပစ္စည်းအသစ်များနှင့် အကြီးစားစက်ကြီးများကို အသုံးပြုခြင်းဖြင့် လုပ်သားစွမ်းရည် တိုးတက်လာပါသည်။ အနီးအနားရှိရွာများမှ ထူးချွန်သော လုပ်သားများအား ဆက်လက်ငှားရမ်း အသုံးပြုရန် ဦးစားပေးထားပါသည်။ ရာထူးတိုးခြင်း၊ လုပ်ခ လစာတိုးမြှင့်ပေးခြင်းနှင့် အနာဂတ်အတွက်ဆက်လက် ထိန်းသိမ်း ထားနိုင်ခြင်းတို့သည် သတ္တုတွင်းများ ၏ရေရှည်အောင်မြင်မှုနှင့် ဒေသခံများ၏အကျိုးစီးပွားကို အကူအညီပေးရာတွင် အဓိကသော့ ချက်ဖြစ်ပါသည်။
 
opprotunityopprotunity 1

opprotunity 2opprotunity 3

opprotunity 4

opprotunity 5 opprotunity 6

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.