သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ESIA – မြန်မာဝမ်ပေါင်သည် လူမှု့ပတ်ဝန်းကျင်တွင် အကျိုး သက်ရောက်မှု လေ့လာဆန်းစစ် ချက်များကို စတင်လုပ်ကိုင်နေ သည်။

149656 112630212226851 270034528 n

ESIA ကို မြန်မာဝမ်ပေါင်သတ္တုတွင်းကုမ္ပဏီ တွင်ပဏာမ အစီအစဉ်အနေဖြင့် စတင်ပြုလုပ်ရန် တရားဝင် ထုတ်ပြန် ထားပါသည်။ ဩစတြေးလျသတ္တုတွင်း ကုမ္ပဏီတစ်ခု ဖြစ်သော Knight Piésold သည် ESIA ၏ တိုက်ရိုက် ပါဝင်ပက်သက်ခြင်းမရှိသည့် ကြားခံဖြစ်သောမြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်း သိမ်းရေး ကုမ္ပဏီ EMC မှ ဒေါက်တာဝင်းမောင် နှင့်တွဲ့ဖက်ပြီး လုပ်ငန်းစဉ် တလျောက် အတူတကွလုပ်ကိုင်ကြပါသည်။
 
၁၉၉၆-၉၇ တွင် MICCL နှင့် စာချုပ်ချုပ်ဆိုထားသော Muir ကုမ္ပဏီမှ လုပ်ဆောင်ခဲ့သော ESIA ကို ပြန်လည်မွမ်းမံရန် ရာသီသုံးပါးလုံးတွင် အချက် အလက်များကို ကောက်ယူစုဆောင်းခြင်းများ ပြုလုပ်ပါမည်။ ပတ်ဝန်းကျင်အားဖြင့် ယခင်ပြီးမြောက် ခဲ့သော ESIA ၏ စစ်ဆေးချက်များ နှင့် အနည်းငယ်ကွဲလွဲမှုများ ရှိနေပါသည်။ စစ်မှန်သော အကျိုး သက်ရောက်မှုတိုင်းတာချက်များသည် လက်ရှိလူမှု့ရေး နှင့် နိုင်ငံရေး အခြေအနေများကို လေ့လာမှတ်ယူပါသည်။
 
အေးပြီးခြောက်သွေ့သောရာသီတွင် မူလဒေတာကောက်ယူခြင်းများကို ဒေါက်တာဝင်းမောင် နှင့် ၄င်း၏ အဖွဲ့သားများ က ကောက်ယူခဲ့ပြီး ၄င်းတို့၏ ပြင်ဆင်ထားမှုများက Knight Piésold သို့ပေးပို့ ခဲ့သည်။ ကောက်ယူထားသောဒေတာ အပြည့်အစုံနှင့် စာတမ်းကို Knight Piésold မှ ပြုစုပြီး EMC မှ လေ့လာဆန်းစစ်ရန်ရှိသော ဧရိယာများနှင့် အခြေခံဒေတာ ကောက်ယူခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ သည်။ ပတ်ဝန်းကျင် အနီးအနားရှိ ဒေသခံရွာများမှလည်း ဒေသဆိုင်ရာ အချက်အလက်များကောက်ယူခြင်းများ ပြုလုပ်ခဲ့သည်။
MYTCL နှင့် MWMCL အနီးအနားရှိရွာများသည် ဒေသဆိုင်ရာထုတ်ပြန်မှုများအတွက် EMC ဝန်ထမ်းများနှင့် ပူးပေါင်းဆောင် ရွက်ခဲ့သည်။
ESIA ၏အောင်မြင်မှုသည် လုပ်ငန်းအတွင်းရှိ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၏ တိကျသောသတင်းကောက်ယူမှု အချက် အလက်များပေါ်တွင် မူတည်နေပါသည်။ Knight Piésold သည် သတ္တုတွင်းထုတ်ကုန်လုပ်ငန်းများတွင်များစွာ အတွေ့အကြုံရှိပြီး လက်ပတောင်းသတ္တုတွင်းတွင် ကမ္ဘာ့အဆင့်မီပတ်ဝန်းကျင် နှင့်ဒေသဆိုင်ရာလေ့လာဆန်းစစ်ချက် စာတမ်း ပြုလုပ်ရန် နည်းပညာပိုင်းနှင့် ကျွမ်းကျင်မှုများကို များစွာ အထောက်အပံ့ပေးပါသည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.