သတ္တုတွင်းလုပ်ငန်း၏ စည်းမျဉ်းစည်းကမ်းများ

စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အရေးများရှိလျှင် နယ်မြေဒေသများအတွင်း ကောင်းသောပြောင်းလဲမှုဖြစ်စေရန် အထောက်အကူပေးခြင်းဖြင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတွင် သတ္တုတွင်း စက်မှုလုပ်ငန်း သည် အဓိကဗဟိုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျှက်ရှိသည်။
လူ့အဖွဲ့အစည်းများသတ္တုတွင်းနှင့် လွတ်ကင်းစွာဖွံ့ဖြိုးမှုရှိစေရန် သတ္တုတွင်းလုပ်ငန်းရှိသောနေရာများမှာ ဝင်ငွေအရင်းအမြစ်ထိန်းထားနိုင်ရန် သတ္တုတွင်းလုပ်ငန်းများမှ အထောက်အကူပေးနိုင်သောအခြေအနေမှာ ဤဆောင် ရွက်မှုသည် အထူးသဖြင့်မှန်ကန်သည်။ ဤဆောင်ရွက်မှု၏ အဓိကအောင်မြင်မှုရည်ရွယ်ချက်သည် လူ့အဖွဲ့အစည်းများနှင့် ပြင်ပထောက်ပံ့ပေးသည့် ကိုယ်စားလှယ်အတွင်းအချိတ်အဆက်ရရန်ဖြစ်သည်။
သတ္တုတွင်းလုပ်ငန်းသက်တမ်းအတွင်း နိုင်ငံ၏သတ္တုတွင်းလုပ်ငန်း၏ကောက်ခံရရှိသည့် အမြတ်အစွန်းဖြန့်ဝေခြင်း နှင့်ပတ်သတ်၍ နယ်မြေဒေသနှင့်အမျိုးသားရေးများကြားထဲတွင် စိုးရိမ်ပူပန်မှု(ဆက်ဆံရေးတင်းမာမှု) များဖြစ်လာ နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပေါများကြွယ်ဝသောတွင်းထွက်များသည်များသောအားဖြင့် သတ္တုတွင်းဧရိယာတွင် နေထိုင်သော ပြည်သူများပိုင်ဆိုင်ခြင်းထက် အစိုးရအဖွဲ့ကို တရားဝင်အပ်နှံထားခြင်းနှင့် သတ္တုတွင်းပတ်ဝန်းကျင် အဖွဲ့အစည်းများနှင့် အမျိုးသားနိုင်ငံတော်နှင့်ဆိုင်သော အစိုးရအဖွဲ့တွင် ဖွံ့ဖြိုးမှုအတွက် မတူညီသောဦးစားပေး အစီအစဉ်များ ရှိနိုင်သောကြောင့်ဖြစ်သည်။
 


ထိန်းထားနိုင်သော လူမှု့ဖွံ့ဖြိုးတိုးတက်မှုသည် သတ္တုတွင်းလုပ်ငန်းများအတွက် အပြုသဘောဆောင်သော အချက်တစ်ချက်ဖြစ်သည်။ သို့သော်ငြားလည်း သတ္တုတွင်းအနေဖြင့် အမြတ်အစွန်းရရှိအောင် ဖိဖိစီးစီးလုပ်ဆောင်ရမည့် အပြင်၊ နယ်မြေဒေသအပေါ် လုပ်ငန်းကြောင့်ဖြစ်သော ဘေးအန္တရယ်၊ထိခိုက်နိုင်မှုများကို လျော့ချရမည်။ ကုမ္ပဏီသည် ဗဟိုအစိုးရထံသို့ သယံဇာတတူးဖော်ခွင့် အခွန်အခများကို အချိုးကျပေးဆောင်ရမည်။ ထို့ပြင် သတ္တုတူးဖော်ခြင်းမှ ရရှိသည့်အခြားငွေကြေးများကိုလည်း ဒေသခံလူထုဆီသို့ထောက်ပံ့ရမည်။ ဗဟိုအစိုးရအနေဖြင့် သတ္တုတူးဖော်ခြင်းကြောင့် များစွာထိခိုက်ခံရသော ဒေသများတွင် ထိုငွေကြေးများဖြင့် ရင်းနှီးထောက်ပံ့ရန်မှာ အရေးကြီးသည်။ သို့ရာတွင် ဒေသဖွံ့ဖြိုးရေးအစီအစဉ်အတွက် ဒေသခံနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များအကြား ညီ်မျှစွာလုပ်ဆောင်ရန် ဖြစ်သည်။ အစိုးရအများစုတွင် ၄င်းတို့၏ အမျိုးသားရေး၊ တိုင်းဒေသကြီးစီမံကိန်းနှင့် ဒေသတွင်းဖွံ့ဖြိုးမှုစီမံကိန်းစသည့် အစီအစဉ် များရှိသည်။ ဒေသတွင်းလူမှုဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်ခြင်း၏ အကျိုးရှိဆုံးအားသာချက်မှာ ၄င်းဒေသရှိဖွံ့ဖြိုးမှု အစီအစဉ်တွင် သင့်လျော်သော ကျွမ်းကျင်မှုများနှင့် အရင်းအမြစ်များစွာအတွက် အထောက်အကူပြုနိုင်ခြင်းပင်ဖြစ်သည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.