လူမှု့အဖွဲ့အစည်းပြန်လည်တည်ဆောက်ရန် အခြေခံသဘောတရားများ

အထက်ပါကြားဖြတ် အခြေခံသဘောတရားများသည် လူမှု့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ် စတင်ရန် ဖြစ်ပြီး အဖွဲ့အစည်း အင်အား မတောင့်တင်းမီ ဆုတ်ယုတ်မသွားစေရန် ပြုလုပ်ရခြင်း ဖြစ်ပါသည်။ ယင်းတို့သည် အဖွဲ့အစည်းအား ရှေ့သို့တက်လှမ်းရန် အကူအညီမဖြစ်သော်လည်း နောက်ဆုတ်မသွားရန် အာရုံစိုက်ထား ရပါမည်။ ပုဂ္ဂိုလ်တစ်ဦးချင်း၊ မိသားစုတစ်ဖွဲ့ချင်းနှင့် လူမှု့အဖွဲ့အစည်းတစ်ခုချင်းစီ၏ အဆင့်ဆင့်တိုင်းတွင် ပြောင်းလဲမှုကို ဖော်ဆောင်ရာတွင် ကွဲပြားသော ပို၍ တတ်သိနားလည်နိုင်သော အခြေခံ သဘောတရားများ လိုအပ်ပါသည်။
 

20150618 115725

 

ထိန်းထားနိုင်သော လူမှုအဖွဲ့အစည်းများ တည်ထောင်ရာတွင် လက်တွေ့ကျင့်သုံးရမည့် အခြေခံသဘောတရား (၁၆) ချက်ကို အောက်တွင် ဖော်ပြထားပါသည်။
 
၁။ လူသားများသည် သူတို့၏ ကမ္ဘာကို ပြုပြင်ပြောင်းလဲနိုင်သည်။ လူသားမိသားစုတစ်စုအနေဖြင့် ကြုံတွေ့ရမည် အခက်အခဲများ ဖြစ်ပေါ်လာရာ သဘာဝကမ္ဘာမြေကြီးနှင့် အခြားသောသူများနှင့် ကူးလူးဆက်ဆံမှု ကွန်ရက်သည် ပြောင်းလဲနိုင်ပါသည်။
 
၂။ ဖွံ့ဖြိုးတိုးတက်မှုဖြစ်တည်ရာသည်---- လူသားနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုခြင်း နည်းစဉ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ကူးလူးဆက်ဆံခြင်း၊ မိသားစုအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းနှင့် လူမျိုးတို့အတွင်း ဖြစ်တည်လာသည် ဟု ဖွင့်ဟဆိုထားပါသည်။.
 
၃။ ကုစားခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ လူသားအချင်းချင်းကူးလူးဆက်ဆံခြင်း၏ အနှောက်အယှက်ပုံစံနှင့် လက်တွေ့မကျသော တွေးခေါ်မှုတို့အား အစားထိုးရန် အတိတ်ဖြစ်ရပ်များကို ကုစားခြင်း၊ တွေးခေါ် လုပ်ကိုင်မှု အမူအကျင့်များ ဖြတ်လတ်စေရန် လေ့ကျင့်သင်ယူခြင်းနှင့် ခံစားခဲ့ရသော ဝေဒနာအဟောင်းများကို ပြည့်ဖုံးကားချပစ်ခြင်းတို့သည် ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှုနည်းစဉ်၏ မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ပါသည်။
 
၄။ တရားမျှတမှုရှိခြင်းမည်သူမဆို လိင်၊လူမျိုး၊ အသက်၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်သည့်ဘာသာတို့အား ထည့်မတွက်ဘဲ လူတိုင်းသည် အကျိုး စီးပွား ညီတူညီမျှ ရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဝေဒနာအားကုစားခြင်းစသည့် နည်းစဉ်ထဲတွင် သာတူညီမျှ အကျိုးခံစားခွင့် ရှိရပါမည်။
 
၅။ အမြင်မရှိလျှင် မဖွံ့ဖြိုး မတိုးတက်နိုင် တစ်ကိုယ်ကောင်း လုပ်မည်၊ စိတ်ကြိုက်ဖန်တီးမည် ဆိုတဲ့ အမြင်ရှိလာလျှင် ကိုယ့်ဖက်ကိုယ်ယက် တာတွေ ဖြစ်လာပြီ။
 
၆။ စစ်မှန်သောဖွံ့ဖြိုးတိုးတက်မှုအား လူ့ယဉ်ကျေးမှုအရ အခြေခံထားရမည်။ ဝေဒနာကုစားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် လူ့ဘောင်ယဉ်ကျေးမှု၊ အထွေထွေဗဟုသုတ၊ ဥာဏ်ပညာ စသည်တို့တွင် ထဲထဲဝင်ဝင် ရှိနေရမည်။

 
ရ။ အချင်းချင်းအပြန်အလှန်ဆက်နွယ်မှု: အရာရာတိုင်းသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်နွယ်နေပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့၏ ဝေဒနာကုစားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ သွင်ပြင်လက္ခဏာတို့သည် အခြားသော (လူပုဂ္ဂိုလ်၊ လူ့ဘောင်၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေး နှင့်ဆိုင်သော) အရာအားလုံးနှင့် ဆက်စပ်နေပါသည်။ ကျွန်ုပ်တို့သည် အစိတ်အပိုင်းတစ်ခုအပေါ် လုပ်ဆောင်မှု ပြုလုပ်တိုင်း ယင်းနှင့်ဆက်စပ်သော အရာအားလုံးအား သက်ရောက်မှု ဖြစ်ပေါ်စေပါသည်။
 
၈။ တစ်စုံတစ်ရာကို နာကျင်စေမှုသည် အားလုံးအား နာကျင်စေမှုပင် ဖြစ်သည်။ တစ်စုံတစ်ရာကိုကောင်း အောင် လုပ်ခြင်းသည် အားလုံးအားကောင်းအောင်ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ လူသားမိသားစုတစ်စုအနေနှင့် ကျွန်ုပ်တို့၏ တစ်သားတည်းဖြစ်ခြင်း၏ အခြေခံအချက်သည် အခြားသူတို့၏ ချမ်းသာသုခအတွက် အချို့သော သူတို့၏ ဖွံ့ဖြိုးတိုးတက်ခြင်းအား ပေးဆပ်ရခြင်း ဖြစ်သည်ဟု အဓိပ္ပါယ် ကောက်ပါက လက်မခံနိုင်ပါ။
 
၉။ စည်းလုံးခြင်း စည်းလုံးခြင်းသည် တစ်သားတည်းဖြစ်သည့် သဘောပင်။ စည်းလုံးမှု မရှိဘဲ လူသားတို့အား လူမှုအဖွဲ့ အစည်းမှ သီးခြားခွဲထုတ်၍ သာမန်တသားတည်း ပြုလုပ်ရန် မဖြစ်နိုင်ပါ။ စည်းလုံးမှုမရှိခြင်းသည် လူမှုအဖွဲ့အစည်း၏ အခြေခံရောဂါတစ်ခု ဖြစ်ပါသည်။
 
၁၀။ ပူးပေါင်းပါဝင်မဆောင်ရွက်လျှင် ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ပါ။ ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းသည် မိမိတို့၏ ဝေဒနာကုစားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းနည်းစဉ်တွင် လူတိုင်း စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် တက်တက်ကြွကြွ အာရုံစိုက်ကြခြင်း ဖြစ်ပါသည်။
 
၁၁။ စိတ်ဓာတ် လူသားများသည် သဘာဝအားဖြင့် ရုပ်ဝတ္တုနှင့် စိတ်ဝတ္တုနှစ်မျိုး ပေါင်းစပ်ထားပါသည်။ ကျွန်ုပ်တို့စိတ်ဆန္ဒ လိုအင်များနှင့် ကျွန်ုပ်တို့၏ ဘဝရပ်တည်မှု မချိန်ညှိဘဲ လူသားအဖွဲ့အစည်းတစ်ခုလုံးဖြစ်လာပြီး ထိန်းထားသွားမည် ဆိုတာ လက်တွေ့တွင် မဖြစ်နိုင်ပါ။
 
၁၂။ လူကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ ထိန်းထားနိုင်သော လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံ လူကျင့်ဝတ်အုတ်မြစ် ရှိရပါမည်။ လူကျင့်ဝတ်ခေါင်းပါးလာခြင်းနှင့် ကိုယ့်ကျင့်သိက္ခာများ မထိန်းသိမ်းနိုင်သည့် အချိန်တွင် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းသွားပါမည်။
 
၁၃။ သင်ယူလေ့ကျင့်ခြင်း လူသားများသည် လေ့ကျင့်သင်ယူသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သန္ဓေတည်စကတည်းက စတင်သင်ယူကြပါသည်။ ကျွန်ုပ်တို့ စွမ်းဆောင်နိုင်မှုကို မရိုက်မချိုးပစ်မခြင်း၊ ကျွန်ုပ်တို့စိတ်ဓာတ်ခွန်အားကို မတားဆီး မပိတ်ပစ်မခြင်း ကျွန်ုပ်တို့ဘဝတလျှောက်လုံး ဆက်လက်သင်ယူ လေ့ကျင့်လျက် ရှိပါသည်။
 
၁၄။ ထိန်းသိမ်းထားနိုင်ခြင်း တစ်စုံတစ်ရာကို ထိန်းထားနိုင်ခြင်းသည် ရေရှည်ဆက်လက်လုပ်ဆောင်နို်င်ခြင်း ဖြစ်ပါသည်။ စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုသည် ဘယ်သောအခါမှ ကုန်ဆုံးသွားခြင်း မရှိပါ။ ဆက်လက်ရှင်သန်သွားရန် လိုအပ်ချက်များကို ရယူသွားမည် ဖြစ်ပါသည်။
 
၁၅။ အကောင်းမြင်/အပြုသဘောလုပ်ဆောင်ခြင်း လူမှုအဖွဲ့အစည်းနှင့်လူ့ဘဝတွင် အကျပ်အတည်း ပြသာနာများကို ဖြေရှင်းခြင်းသည် ကျွန်ုပ်တို့ဖန်တီးလိုသော အပြုသဘောဆောင်သည့် အခြားနည်းလမ်းဆီသို့ မြင်တွေ့ပြောင်းရွေ့ လုပ်ကိုင်ခြင်းနှင့် မကောင်းမြင်နည်းများကို တိုက်ထုတ်ရန် ခွန်အားများ စွန့်လွှတ်လိုက်ခြင်းထက် မိမိရှိအားအင်များကို တည်ဆောက်လိုက်ခြင်းတို့ဖြင့် အကောင်းဆုံး ချဉ်းကပ်ခြင်း ဖြစ်ပါ သည်။
 
၁၆။ မိမိမြင်တွေ့လိုသောပြောင်းလဲမှုဖြစ်ပေါ်စေခြင်း ပြောင်းလဲမှုအတွက် ထိရောက်ဆုံးသော နည်းပညာများသည် အပြုသဘောပုံစံနှင့် ကျွန်ုပ်တို့၏ အသက်ဝင်သော ဖြေရှင်းချက် နမူနာများ ဖန်တီးယူခြင်းများ ပါဝင်ပါသည်။ လမ်းပေါ်လျှောက်ကြည့်မှသာ လမ်းအနေအထားကို မြင်ရပါမည်။
 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.