လူမှု့ရေးဆိုင်ရာ အလှူအတန်းများ

kaingvillage1စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ၊မိုးကြိုးပြင် ကျေးရွာအုပ်စု ၊ ကိုင်းကျေးရွာသို့ မြန်မာယန်စီ ကုမ္ပဏီမှ (၁၇.၆.၂၀၁၅)ရက်နေ့တွင် ဆန်(၃၄၄)အိတ်နှင့် စားသုံးဆီ (၆၈၄)ပုလင်း သွားရောက် လှူဒါန်းခဲ့ပါသည်။ ကိုင်းကျေးရွာသည် အိမ်ခြေစုစုပေါင်း (၇၄)စုရှိပြီး၊ လူဦးရေ (၃၀၇)ဦး၊ မူလတန်းကျောင်း(၁)ကျောင်း နှင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းရှိပါသည်။

magyitahtaung1

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ၊မိုးကြိုးပြင်ကျေးရွာအုပ်စု ၊ မန်ကျည်း တစ်ထောင်ကျေးရွာ သို့မြန်မာယန်စီကုမ္ပဏီမှ(၁၈.၆.၂၀၁၅)ရက်နေ့တွင် ဆန်(၃ဝဝ)အိတ်နှင့် စားသုံးဆီ (၆ဝဝ)ပုလင်း သွားရောက်လှူဒါန်းခဲ့ပါသည်။ မန်ကျည်းတစ်ထောင်ကျေးရွာသည် အိမ်ခြေစုစုပေါင်း (၄၇)စုရှိပြီး၊ လူဦးရေ (၂၂ဝ)ဦး၊မူလတန်းကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း ရှိပါသည်။
ဤလှူဒါန်းခြင်းမှာ MYTCL ၏ အုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ထမ်းများမှ ဆင်းရဲ့ချိုတဲ့သောရွာများကို လှူဒါန်းခြင်းဖြစ်ပြီး ကုမ္ပဏီ၏ CSD နှင့် CSR ပုံမှန်လုပ်ငန်းစဉ်များမဟုတ်ဘဲ သီးခြားလှူဒါန်းခြင်းများသာဖြစ်ပါသည်။ ဤလှူဒါန်းခြင်းကို မျှော်လင့်မထားဘဲ ကျေးရွာများမှ ကောင်းမွန်ထူးကဲစွာ လက်ခံရရှိခဲ့ကြခြင်းဖြစ်ပါသည်။
 

 

oldmagyithahtaung1

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ၊မိုးကြိုးပြင်ကျေးရွာအုပ်စု ၊ မန်ကျည်းတစ်ထောင်ကျေးရွာဟောင်းသို့မြန်မာယန်စီကုမ္ပဏီမှ(၂၄.၆.၂၀၁၅)ရက်နေ့တွင် ဆန်(၂ဝဝ)အိတ်နှင့် စားသုံးဆီ (၄ဝဝ)ပုလင်း သွားရောက်လှူဒါန်းခဲ့ပါသည်။ မန်ကျည်းတစ်ထောင် ကျေးရွာဟောင်းသည် အိမ်ခြေစုစုပေါင်း (၄၁)စုရှိပြီး၊ လူဦးရေ (၂၁၉)ဦး၊မူလတန်းကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းရှိပါသည်။
ဤလှူဒါန်းခြင်းမှာ MYTCL ၏ အုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ထမ်းများမှဆင်းရဲ့ချိုတဲ့သော ရွာများကိုလှူဒါန်းခြင်းဖြစ်ပြီး ကုမ္ပဏီ၏CSDနှင့်CSR ပုံမှန်လုပ်ငန်းစဉ်များ မဟုတ်ဘဲ သီးခြားလှူဒါန်းခြင်းများသာဖြစ်ပါသည်။ ဤလှူဒါန်းခြင်းကို မျှော်လင့်မထားဘဲကျေးရွာများမှ ကာင်းမွန်ထူးကဲစွာ လက်ခံ ရရှိခဲ့ကြခြင်းဖြစ်ပါသည်။

ywatha-red-earth1(၂ဝ၁၅-၁၆) CSD & CSR လုပ်ငန်းများစတင်ပုံဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ရွာသာကျေးရွာသည် မုတ်သုံရာသီကုန်ဆုံးချိန်တွင် လမ်းခင်းကျောက်များပေးပို့ကူညီရန် တောင်းဆိုခဲ့သည်။ သို့မှသာရွာသာကျေးရွာအနေဖြင့် မိုးရွာသွန်းပြီးချိန်တွင် လမ်းများပြုပြင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ စက်တင်ဘာလ၊ (၁၇)ရက်နေ့တွင် ပြန်လည်ပြုပြင်မှုသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမှအဖွဲ့ဝင်များ၏ ကျေနပ် မှုရရှိအောင် စတင်ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်သူ့ဆက်ဆံရေးဌာန၏ ကြီးကြပ်မှုဖြင့် မြေနီကားအစီး(၂ဝ) ကိုကျေးရွာအတွက် နေထားတကျစီစဉ်ထားသောနေရာများဆီသို့ ပေးပို့ကူညီခဲ့သည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.