တိုက်နယ်ဆေးရုံနှင့်စာကြည့်တိုက်များလှူဒါန်းခြင်း

hospita1

 မြန်မာ ဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက်နှင့် မြန်မာ ယန်စီ ကော့ပါး လီမိတက်တို့မှ ပူးပေါင်းထောက်ပံမှုဖြင့် ကံကုန်းကျေးရွာအနီး တိုက်နယ်ဆေးရုံ တစ်ရုံ တည်ဆောက်ရန် စီစဉ်လျှက်ရှိရာ ၂ဝ၁၃ ခုနှစ်၊ မေလ (၈) ရက်နေ့ နံနက် (ရး၀၀) နာရီတွင် လက်ပတောင်း တောင် ကြေးနီ စီမံကိန်း အကောင် အထည် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီး အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကို တိုက်နယ်ဆေးရုံ တည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့ပါသည်။ ဆေးရုံ တည်ဆောက်မှု အတွက် ကျပ် သိန်း (၂၀၀၀) ကျော် ကုန်ကျမည်ဖြစ်သည်။

ဆက်လက်ပြီး အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့သည် ဆားလင်းကြီးမြို့၊ စက်မှု (၁) ဝန်ကြီးဌာန၊ ချည်မျှင်နှင့်အထည်စက်ရုံ၊ အစည်းဝေးခန်းမတွင်ဒေသခံပြည်သူ(၃ဝဝ)ကျော်နှင့် စီမံကိန်း အကောင်အထည်ဖော်ဆော င် ရး တွေ့ဆုံဆွေးနွေးပါသည်။ ၎င်းဆွေးနွေးပွဲ တွင် မြန်မာ ဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်နှင့် မြန်မာ ယန်စီကော့ပါး လီမိတက်တို့မှ အနီးပတ်ဝန်းကျင်ဒေသခံကျေးရွာ (၃ဝ) ၏ စာကြည့်တိုက်များအတွက် လှူဒါန်း သော စာအုပ်များနှင့် ပရိဘောဂများ စုစုပေါင်း (၁၉၅) သိန်းဖိုးကို သမ္မတရုံးဝန်ကြီး ဦးလှထွန်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးတို့ မှကျေးရွာ အသီးသီးသို့ လှူဒါန်းပေးအပ်ခဲ့ပါသည်။

 

hospital2

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.