ကျောက်ဖြူတိုင်ကျေးရွာမှ မီးရရှိရေး စီမံချက်

ကျေးရွာသူကျေးရွာသားများမှ လျှပ်စစ်မီးရရှိခြင်းအတွက် ဝမ်းမြောက်စွာလက်ခံခြင်း

electricityproject

စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီး မြို့နယ် ကျောက်ဖြူတိုင်ကျေးရွာရှိ ရွာသူရွာသားများသည် ယခင်ကာလ များကဲ့သို့ အလင်းမဲ့နေ့ရက်များ ကို မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ လျှပ်စစ်မီး ရရှိရေး စီမံချက် ကျေးဇူးဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီး ကျောက်ဖြူတိုင်ကျေးရွာကို လျှပ်စစ်မီးလှူဒါန်းပွဲကို ကျင်းပနိုင်ခဲ့ပါပြီ။
 
ကုမ္ပဏီမှ လှုဒါန်းသော ကျပ်သိန်း(၄၀)သိန်း ကုန်ကျသော စာကြည့်တိုက်နှင့် ကျပ်သိန်း(၅၂၂)သိန်း ကုန်ကျသော လျှပ်စစ်မီးလင်းရေး တို့အတွက် ဖွင့်ပွဲကို ၃.၁၂.၁၃ နေ့ရက်တွင် ကျင်းပနိုင်ခဲ့ပြီး ကျေးရွာလူထု (၁၀၀၀)ကျော်ကို အကျိုးခံစားနိုင်စေခဲ့ပြီ ဖြစ်ပါသည်။

လက်ပတောင်းတောင် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌဦးလှထွန်းသည် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ဦးဆောင် ညွှန်ကြားရေးမှုး မစ္စတာဂန်းရီ နှင့်အတူ ကျေးရွာလူထု ပါဝင်လျှက်ပျော်ရွှင်စွာ ဖွင့်လှစ်ပေးခဲ့ပါသည်။ အသက်(၄၀)ကျော်အရွယ် ကျောက်ဖြူတိုင်မှ အမျိုးသမီးကြီးတစ်ဦးက " ကျွန်မ ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီစီမံကိန်းကြောင့် အလွန်ပျော်ရွှင်ခဲ့ ရပါတယ်........ ဒီကျောင်း အဆောက်အဦးနှင့် စာကြည့် တိုက်လှူဒါန်းသည့်အတွက် ကလေးများ၏ပညာရေး ကောင်းမွန်လာမှာကတော့ အမှန်ပါပဲ"
ကျောက်ဖြူတ်ိုင်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ (CSD) ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေးစီမံချက်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။ နိုဝင်ဘာလနောက်ဆုံးအထိ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ၏ (CSD)လုပ်ငန်းများဖြစ်သည့် လမ်းပြင်ခြင်း၊ စာသင်ကျောင်းများဆောက်လုပ်လှူဒါန်းခြင်း၊ သောက်သုံးရေ ရရှိအောင် စီမံဆောင်ရွက်ပေးခြင်း ၊ ကျေးရွာများ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ဆေးရုံဆောက်လုပ် လှူဒါန်းပေးခြင်း၊ ပတ်ဝန်းကျင်ဒေသ(၃၃)ရွာအား နေ့စဉ်အခမဲ့ ဆေးဝါးကုသပေးခြင်း တို့ အတွက် ကျပ်ငွေ သန်းတစ်ထောင်ကျော် သုံးစွဲခဲ့ပြီးဖြစ်ပါသည်။
မြန်မာ-ဝမ်ပေါင် မန်နေဂျင်း ဒါရိုက်တာ မစ္စတာဂန်းရီမှလည်း "မြန်မာ-ဝမ်ပေါင်အနေနဲ့ လူထုကိုအဓိကထား ဂရုစိုက်ပါမယ်..... ဒီစီမံကိ်န်းကြီးဖွံ့ဖြိုးတိုးတက်လာသလို ပတ်ဝန်းကျင်ဒေသခံ လူထုဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးသွားမှာဖြစ်ပါတယ်...... ဒေသခံလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု" ပြောကြား သွားခဲ့ပါသည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.