စွန့်ပစ်မြေဖယ်ရှားမှုစီမံကိန်းပြီးဆုံးခြင်း

tailing

 

စွန့်ပစ်မြေဖယ်ရှားမှုစီမံကိန်းသည် ၂၀၁၄ခုနှစ်၊ မေလ (၂) နေ့တွင် အပြီးသတ်ပြီးဆုံးနိုင်ခဲ့သည်။ အစိုးရတာဝန်ရှိသူများမှ MYTCL ပိုင်နက်အပြင်ဘက်ရှိ ဒုတ္ထာများ စုပုံထားသော မြေပိုင်ရှင်ကျေးရွာသူရွာသားနှင့် မြေသား ပြန်လည် ပြုပြင်ခြင်းလုပ်ငန်း လုပ်ဆောင်ရန် စေ့စပ်ညှိနှိုင်းသော်လည်း၊ ကျေးရွာသူ ရွာသားအချို့မှ ၄င်းလက်ကမ်းမှုကို လက်ခံရန် ငြင်းဆိုကြသည်။

ကံကုန်းကျေးရွာရှိ စွန့်ပစ်မြေဖယ်ရှားမှုဧကမှာ (၆၅)ဧကအထက်ရှိပြီး၊ ဖောင်းကာဆည်မှအပေါ်ယံမြေဆီလွှာများ ဖြင့် ဖုံးအုပ်ထားသည်။ ထိုမြေဆီလွှာသည် မြေဩဇာဓါတ်ကြွယ်ဝစွာပါဝင်သည်။ ဥယျာဉ်မြေအဖြစ်ဆက်လက် ဖြစ်ထွန်းနိုင်ပြီး ကျေးရွာအဖြစ်လည်းချဲ့ထွင်နေထိုင်နိုင်သည်။

၂၀၁၄ မေလ၊ (၂)ရက်နေ့အထိ စုစုပေါင်းခန့်မှန်းငွေ
 
စီမံကိန်းအတွက် ဘတ်ဂျတ်(U$))

  ဧက

(၁)ဧကအတွက် ကုန်ကျစရိတ် စုစုပေါင်း အမှန်တကယ်ပြီးစီးမှု  
$ ၁,၉၅၀,၀၀၀.၀၀

၈၃.၂၆    

$ ၁၃,၅၂၃.၅၅ $ ၁,၁၂၅,၉၇၀.၄၁
* ဖောင်းကားဆည်ဧရိယာအထိ ကုန်ကျစရိတ်ပေါ်အခြေခံသည်။ အနီးဆုံးနေရာမှမြေဆီလွှာယူခြင်း
ကြောင့် ကုန်ကျစရိတ်လျော့ကျနိုင်သည်။

မြေယာပြန်လည်နေရာချထားမှုများကြောင့် ပြီးစီးသွားသောစီမံကိန်း

 

ကျန်ရှိဧရိယာများမှာ ဒုံးတောရွာထဲတွင်တည်ရှိသည်။ ၄င်းဧရိယာသည် MYTCLနှင့်MEHLတို့၏ စွန့်ပစ်မြေ ဖယ်ရှားမှုစီမံကိန်း၏ ကဏ္ဍတစ်ခုအဖြစ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းလုပ်ဆောင်ရန် ကန့်ကွက်သောကျေးရွာသူရွာသား များ၏ မြေယာများသာဖြစ်သည်။ (၁၅၆) ဧက အနက် (၈၃.၂၆) ဧကများမှာ (၁၀၀%) ပြီးစီးပြီဖြစ်သည်။ ထို့ပြင် ကျေးရွာများသို့ သဘာဝအတိုင်းသစ်လွင်စွာ ပြန်လည်အပ်နှံပြီးဖြစ်သည်။
အကယ်၍ ကျေးရွာသူရွာသားများသည် ဆက်လက်၍လက်မခံပါက၊ အစိုးရအကြီးအကဲများသည် ကျေးရွာသူရွာသားများနှင့် အခါသမယအားလျော်စွာစေ့စပ်ကြောင်းလမ်းမှုကို ကြာရှည်စွာလုပ်ဆောင်နိုင်မည် မဟုတ်သော ကြောင့် (၁၅၆)ဧက အပြီးအစီးရှင်းလင်းရန်လိုအပ်သော ဤစီမံကိန်းသည် အခြားသောမှတ်ချက်မပြုမခြင်း ရပ်တန့်သွား နိုင်သည်ဟု (၂၀၁၄)ခုနှစ် မတ်လတွင် MEHL နှင့် MYTCLတို့မှကြီးမှုးကျင်းပသော (JMC) အစည်းအဝေး၏ သဘောတူညီမှုအဆင့်သို့ ရောက်ရှိသွားသည်။
ဤစီမံကိန်းပြီးစီးစေရန် ဆောင်ရွက်ရာတွင် ခန့်မှန်းငွေ အမေရိကန်ဒေါ်လာ (၁.၉၅) သန်း ရာထားလျက် MYTCL နှင့် MEHL သည် ပြန်လည်ပြုပြင်ရေးအတွက် ခန့်မှန်းဘတ်ဂျတ်ပေါ်တွင် အမေရိကန်ဒေါ်လာ (၁၀၂၂၆၈၂.၀၂) ကို စုပေါင်းလှူဒါန်းခဲ့သည်။
MYTCL, Operation Manager မှ ဤစီမံကိန်းသည် ဝမ်းသာဖွယ်ရာဖြစ်သော်လည်း အမှတ်မထင်ပျက်ပျယ် သွားကြောင်းကို ဖော်ပြပြောဆိုသွားသည်။ MYTCL နှင့် MEHL တို့၏ အောင်မြင်သော ဤပြန်လည်ပြုပြင်မှု အစီအစဉ်အကောင်အထည်ဖော်ရာတွင် လက်ခံပါဝင်ကူညီကြသော ကျေးရွာ၊ ကျေးရွာသူရွာသားများ၏ အနာဂတ် ကျန်းမာရေးကို မလွဲမသွေပြောင်းလဲသွားစေလိမ့်မည်။ အခြားတစ်ဘက်တွင်လည်း MYTCLမှ စီမံကိန်းပိုင်နက်ထဲတွင် မပါဝင်သော စွန့်ပစ်မြေစုပုံထားရာမြေသားဖယ်ရှားမှုအား ကျေးရွာသူရွာသားအချို့က လက်မခံကြသည်သာမက MYTCL၏ ပိုင်ဆိုင်သည့်ပစ္စည်းများကို နှောက်ယှက်ခိုးယူခြင်းဖြင့် ၄င်းတို့၏ ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသော ဒုတ္ထာချက် လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ကြသည်။ မည်သို့ဆိုစေ ဤစီမံကိန်းသည် လူထုမှစောင့်ကြည့်နေသော အချိန်အခါ သမယလည်းဖြစ်သည်။ နောက်ဆုံးတွင် ကျွန်တော်တို့သတ္တုတွင်းစီမံကိန်းပတ်ပတ်လည်ရှိ လန်းဆန်းပျိုမျစ်သော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကိုဘေးကင်းလုံခြုံစေသောပတ်ဝန်းကျင၊် လှပသည့်ကျေးလက်မြင်ကွင်းများကို ရှုမဆုံး တော့မည်ဖြစ်သည်။
အခြားသောတိုင်ပင်နှီးနှောခြင်းဆိုင်ရာလုပ်ငန်းများကို ဒုံးတောရွာသူရွာသားများနှင့် စေ့စပ်ညှိနှိုင်း၍ ဆက်လက် လုပ်ကိုင်ကြမည့်အပြင် ကံကုန်းရွာနှင့် ဒုန်းတောရွာရှိဧရိယာများတွင် မြေသားပြန်လည်ပြုပြင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အပေါ်ယံမြေဆီလွှာများကို ဖောင်းကားဆည်မှရယူမည်ဖြစ်သဖြင့် ၄င်းဆည်အတွက် လှူဒါန်းမှုများကို လာမည့် အနာဂတ်တွင်လုပ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်။
 

 Tailing

Tailing1
Tailing2
Tailing3

 

 

 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.