2014 CSD/CSR လုပ်ငန်းများဆက်လက်ဆောင်ရွက်ခြင်း

MYTCL မှဦးစီးပြီး၊ ၄င်း၏မိတ်ဖက်ဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ပူးပေါင်း၍ စုဆောင်းထားသော ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော (၂၀၁၄-၂၀၁၅) လူမှုအသိုက်အဝန်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် နှစ်ဆန်းပိုင်းကတည်းက အောင်မြင်မှု အတွေ့အကြုံ ရှိခဲ့ပြီး ရှေ့ဆက်၍လည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ၄င်းစီမံကိန်းအတွက် ဘတ်ဂျတ်ငွေကိုလည်း ပြက္ခဒိန်နှစ်အလိုက် တွက်ချက်ရာမှ ဘဏ္ဍာရေးနှစ် (ဧပြီလ မှ မတ်လအထိ) တွက်ချက်မှု အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဤသို့ ပြောင်းလဲလိုက်သည့်အတွက် ထပ်တိုးထားသော လုပ်ငန်းများကို ဒီနှစ်၏ ဘတ်ဂျတ်ငွေ (အမေရိကန်ဒေါ်လာ ၅၀၀၀၀၀) တွင် မပါဝင်ဘဲ ဆောင်ရွက်ပြီးစီးခဲ့သည်။ ၄င်းထပ်တိုး လုပ်ငန်းများအတွက် ကုန်ကျငွေကိုလည်း မြန်မာ့စီးပွားရေးဦးပိုင်နှင့် မျှဝေကုန်ကျခံခြင်းမပြုဘဲ MYTCL မှ တိုက်ရိုက် ကုန်ကျဆောင်ရွက်ခဲ့သည်။
ကုမ္ပဏီ၏ CSDအဖွဲ့မှ ဦးဆောင်သော MYTCLကော်မတီများသည် တိုက်ရိုက်ထိခိုက်ခံရသော၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်ခံနေရသော ဒေသခံကျေးရွာများမှ လူထု၏တောင်းဆိုမှုများ ဥပမာ- အဆောက်အအုံနှင့် ဆက်စပ်သည့်အရာများ ၊ လမ်း၊ ကျောင်းခြံစည်းရိုး ၊ ဘာသာရေးအဆောက်အဦးများ ပြင်ဆင်ခြင်းနှင့် မွမ်းမံခြင်းများ ၊ စာသင်ကျောင်းနှင့် စာကြည့်တိုက်တည်ဆောက်မှု နှင့် အခြားကူညီထောက်ပံ့မှုများကိုလည်း ကျေးရွာများနှင့်ချိတ်ဆက်၍ ကူညီထောက်ပံ့လျက်ရှိသည်။ ဒေသအပေါ် အကျိုးဖြစ်ထွန်းဆုံးဖြစ်သည့် စီမံကိန်းကာလရှည် အစီအစဉ်များကို ၂၀၁၃ခုနှစ် နိုဝင်ဘာလကတည်းက ဆောင်ရွက်ခဲ့ပြီး ကျေးရွာသူရွာသားများ၏ သဘောတူညီချက်ဖြင့် ၂၀၁၄ ဇန်နဝါရီလတွင် အပြီးသတ်ခဲ့သည်။ MYTCL ၏ တိုက်ရိုက်ထိခိုက်သော ရွာများအတွင်းရှိ မှီတင်းနေထိုင်လျက်ရှိသော သက်ကြီးရွယ်အိုများအား အထူးငွေသားလှူဒါန်းမှု အဖြစ် ပေးအပ်လှူဒါန်းရန် တိုင်းဒေသကြီးအာဏာပိုင်များမှ အတည်ပြုထောက်ခံပြီးဖြစ်သည်။ အာဏာပိုင်များသည် MYTCL မှ၄င်းငွေသားများကို လှူဒါန်းမှုအဖြစ်ထုတ်ယူပြီး ၄င်းဒေသ၏ သန်းခေါင်းစာရင်းအရ ဖြန့်ဝေလှူဒါန်း သွားမည်ဖြစ်သည်။ ပညာသင်ထောက်ပံ့ကြေးများကိုလည်း တိုင်းဒေသကြီးအစိုးရမှတဆင့် စီမံခန့်ခွဲခဲ့ပါသည်။ ထို့ပြင် ၄င်းလှူဒါန်းရမည့် ရန်ပုံငွေကိုလည်း MYTCL နှင့် မြန်မာ့စီးပွားရေးဦးပိုင်တို့၏ နှစ်စဉ်ဘတ်ဂျတ်မှ တောင်းခံခဲ့ပြီး တိုင်းဒေသကြီးအစိုးရ၏ အရည်အချင်းပြည့်မီသူ ထောက်ပံ့ကြေးလက်ခံရန် ဆုံးဖြတ်ချက်များအရ ဖြန့်ဝေလှူဒါန်းခဲ့သည်။
MYTCL နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့၏ ဆောင်ရွက်ပြီးစီးခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ငွေသားလှူဒါန်းမှုများအတွက် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်အထိစုစုပေါင်းအမေရိကန်ဒေါ်လာ ၁၄၉၇၅၄.၀၀ ကုန်ကျဆောင်ရွက်ခဲ့သည်။
 

dondawvizawda

dondawaotpalin
dondawcsr1
kangoneshwezarli
kangonecsr
htandawgyicsr
telbinkandam
wadancsr1

 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.