၂၀၁၅-၁၆ ပညာသင်ထောက်ပံ့ကြေး

yinmarbinscholorship01

(၂ဝ၁၅-၁၆) လူမှုကဏ္ဍပူးပေါင်းတာဝန်ယူမှုအစီအစဉ်ကိုအရေးကြီးမှုကဏ္ဍအလိုက် ရေးဆွဲထားပြီး၊ MYTCL ၏ အနီးတဝိုက်ဒေသရှိလူထု၏ အခက်အခဲများအားကြိုးစားဖြေရှင်းခြင်းသည် အဓိကအကျဆုံး အချက် ပင်ဖြစ်ပေလိမ့်မည်။
စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းဒေသအတွင်းရှိကျေးရွာ(၁၆)ရွာမှ တက္ကသိုလ်ဝင်တန်း(၁ဝတန်း) ဖြေဆိုမည့်ကျောင်းသား/သူများနှင့် တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသူများစုစုပေါင်း(၈၀၃)ယောက်အတွက် ပညာသင်ထောက်ပံ့မှု အစီအစဉ်ဖြင့် ပေးအပ် လှူဒါန်းခဲ့ပါသည်။MYTCL နှင့် MWMCLတို့စတင် ဆောင်ရွက်နိုင်ရန် ပေးအပ်လှူဒါန်းပွဲကိုဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးရုံးနှင့် ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးရုံးများတွင်ဇူလိုင်လအတွင်းကျင်းပပြုလုပ်ခဲ့သည်။
 
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးသာအေးမှ လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက် ဂုဏ်ပြုခဲ့ပါသည်။ ပြည်သူ့ဆက်ဆံရေးနှင့် CSDအရာရှိများ၊ အကြီးတန်းအရာရှိများ၊ ဒေသခံပြည်သူများမှ ရွေးချယ်ထားသောCSD အဖွဲ့ဝင်များ အခမ်းအနားသို့ တက်ရောက်ကာ ကျောင်းသား/သူ တစ်ဦးချင်းအလိုက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ၂ဝ၁၅ခုနှစ်တွင် လှူဒါန်းမှုငွေကျပ်စုစုပေါင်း (၆၆.ရ)သန်းကိုပညာသင်ထောက်ပံ့ကြေးကဏ္ဍတွင် အသုံးပြုခဲ့သည်။
ဤကဲ့သို့လှူဒါန်းပေးအပ်ခြင်းသည် အလုပ်ခန့်ထားမှုတွင်ပိုမိုမြင့်မားသည့် ရာထူးနေရာ ရရှိစေရန်အလို့ငှာကျောင်းသား/သူများ၏ ပညာရေးအခွင့်အလမ်းများအားပံ့ပိုးမြှင့်တင်ရာရောက်ပြီး၊ ဒေသခံများ၏ လူနေမှုဘဝမြင့်မားလာစေသည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်သောကုမ္ပဏီ၏ လူမှုအသိုက်အဝန်းနှင့် လူထုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။
 

yinmarbinscholorship02

yinmarbinscholorship03
yinmarbinscholorship04
yinmarbinscholorship05
yinmarbinscholorship07
yinmarbinscholorship08

 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.