မိုးနှင့်အပြိုင်

racingrain3

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်နှင့် ယင်းမာပင် မြို့နယ်များ အတွင်းရှိ မြန်မာယန်စီကော့ပါး လီမိတက်၏ ဧရိယာအနီး တဝိုက်တွင် နေထိုင်ကျသူများ၏ ဘဝ အတွက်မျှော်လင့်ချက်မဲ့ခြင်း ဆိုသော စကားကို အဓိပ္ပါယ်ဖော်ညွှန်းရန်ပင်ဖြစ်နိုင်မည်မဟုတ်ပါ။
 
ထောင်ချီရှိသော ကျေးရွာသူ ရွာသားများ၊ တောင်သူလယ်သမားများ နှင့် မုံရွာမြို့ဧရိယာ အနီးအနားရှိ နေထိုင်သူများပင် မြန်မာနိုင်ငံအတွင်း မိုးသည်း ထန်စွာရွာသွန်း မှုကြောင့် ပြည်သူများ၏ဘဝများ ယိမ်းယိုင်ပျက်စီးခဲ့ရသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်။
မိုးနှင့်အပြိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်နှင့် ယင်းမာပင် မြို့နယ်များ အတွင်းရှိ မြန်မာယန်စီကော့ပါး လီမိတက်၏ ဧရိယာအနီး တဝိုက်တွင် နေထိုင်ကျသူများ၏ ဘဝ အတွက်မျှော်လင့်ချက်မဲ့ခြင်း ဆိုသော စကားကို အဓိပ္ပါယ်ဖော်ညွှန်းရန်ပင်ဖြစ်နိုင်မည်မဟုတ်ပါ။
ထောင်ချီရှိသော ကျေးရွာသူ ရွာသားများ၊ တောင်သူလယ်သမားများ နှင့် မုံရွာမြို့ဧရိယာ အနီးအနားရှိ နေထိုင်သူများပင် မြန်မာနိုင်ငံအတွင်း မိုးသည်း ထန်စွာရွာသွန်း မှုကြောင့် ပြည်သူများ၏ဘဝများ ယိမ်းယိုင်ပျက်စီးခဲ့ရသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်။
ထိုသို့ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ မြန်မာယန်စီကော့ပါးလီမိတက်သည်လည်း ပရဟိတထောက်ပံ့မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရဟန်းသံဃာများ၊ အစိုးရဝန်ကြီးများ၊ မိတ်ဆွေသင်္ဂဟများ၊ မိဘပြည်သူများနှင့်အတူ ထိုအချိန်က ပူးပေါင်း ပါဝင်ကူညီခဲ့သည်။ မြန်မာ-ယန်စီကော့ပါး လီမိတက်၏ ပြည်သူ့ရေးရာ ဆက်ဆံရေးဌာနသည် ဗျူဟာမြောက် ဦးစားပေးအစီအစဉ်များကို မည်သို့အကောင်အထည်ဖော်နိုင်မည်၊ အဘယ်သို့သော အရာများကိုဦးစား ပေးရမည်၊ ထောက်ပံ့ရန် လိုအပ်သောသူများ၏ သတင်းအချက်အလက်များကို စုဆောင်းခြင်း စသောလုပ်ငန်းများ လုပ်ဆောင် နိုင်ရန် (CSD) အဖွဲ့၏ ဒေသခံအဖွဲ့ဝင်များနှင့် နေ့ရောညပါ ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ အစားအစာသည် အဓိကဖြစ်ပြီး၊ (MYTCL)၏ စီမံခန့်ခွဲမှုကော်မတီမှ အစားအစာများဝယ်ယူနိုင်ရန်၊ အလျင်အမြန်စားသုံး၍ အာဟာရ ဖြစ်ထွန်းစေနိုင်ရန်၊ လူအများ ချက်ပြုတ်ရာနေရာဖြစ်သည့် ရေကြီးမှုတွင် မပါဝင်သောမြေလွတ်နေရာများတွင် စုဆောင်း ရမည့် ဆန်နှင့်စားသုံးဆီ ဝယ်ယူနိုင်ရန်နှင့် ၄င်းတို့၏ မိသားစုနှင့် အိမ်မှုပစ္စည်းများ ကယ်ဆယ်ရာတွင် ထိခိုက်ဒဏ်ရာ ရသူများ အတွက် ဆေးဝါးလှူဒါန်းနိုင်ရန်အတွက် ရန်ပုံငွေကိုချက်ချင်းခွဲဝေချမှတ်ခဲ့သည်။
စံပယ်တောင်၊ကြေးစင်တောင် လုပ်ကွက်အနားရှိ ကျေးရွာသူရွာသားများမှ တောင်းဆိုမှုအများဆုံးဖြစ်သည့် စက်ယန္တရားများ နှင့်လမ်းဖောက်ခြင်း လုပ်ငန်းများသည် နောက်တစ်ဆင့် ဦးစားပေး စာရင်းတွင်ပါဝင်သည်။ အထွေထွေမန်နေဂျာ Mr Gong Qingguoသည် သတ္တုတူးဖော်ရေး စက်ယန္တရားကြီးများကို လုပ်ငန်းတွင်အသုံးပြုမှု ခေတ္တရပ်တန့်၍ မြစ်ရေလျှံခြင်းကြောင့် ဖြစ်ပေါ်သော ကမ်းပါးတိုက်စားခြင်းနှင့် လမ်းများပျက်စီးခြင်းများကို ပြုပြင်ထိန်းသိမ်းနိုင်ရန် ကျေးရွာများ၏ တောင်းဆိုမှုအား ကူညီသည့်အနေဖြင့် ၄င်းစက်ယန္တရားများ ကိုပေးပို့ကူညီခဲ့ပါသည်။
လွန်စွာကြောက်မတ်ဖွယ်ကောင်းသော ယမားချောင်းရေ တဟုန်ထိုးစီးဆင်းမှုကြောင့် ကမ်းပါးရှိအိမ်များ၊ ယာမြေများပျက်စီးဆုံးရှုံးခြင်းနှင့် ကမ်းပါးတာရိုးများ ပြိုလဲပျက်စီးခြင်း စသော ထိခိုက်မှု အများဆုံးခံရသောရွာမှာ ဂုဏ်တောကျေးရွာနှင့် ဒုံးတောကျေးရွာပင်ဖြစ်သည်။ ရွာသာ၊ ကံကုန်း၊ ကျောက်မျက်၊ ကျီးစာကျနှင့် ဘိန်းနွယ်ချောင်ကျေးရွာများသည် ယမားချောင်းနှင့် ချင်းတွင်းမြစ် ဆုံရာရေလျှံကွင်းတွင်တည်ရှိ၍ ၄င်းတို့၏ သီးနှံများနှင့် ၄င်းကျေးရွာများသည် ရေကြီးမှုများခံစားနေရသည်ကိုတွေ့မြင်ရသည်။
ထိုအခြေအနေတွင်တစ်ခုတည်းသောမျှော်လင့်ချက်မှာ-
(MYTCL)သည် ရေလွှမ်းဧရိယာများတွင် ဘေးကင်းလုံခြုံပြီး၊မြင့်မားသော မြေသားလမ်းကြောင်းများ ပြန်လည်ဖောက်လုပ်ပေးခြင်းဖြင့် ဤသို့သောထောင်ချောက်မှ လွတ်မြောက်နိုင် မည်သာဖြစ်သည်။ မြန်မာယန်စီကော့ပါးလီမိတက်၏ ကယ်ဆယ်ရေးအစီအစဉ်တွင် အားဖြည့်ပါဝင်နိုင်မည့် အရင်းအမြစ်များစုစည်းစဉ်အချိန် တွင် (MYTCL) မှ ဝန်ထမ်းများသည်လည်း ၄င်းတို့၏ မိသားစုများ၏ အကူအညီရယူကာ သဘာဝဘေးအန္တရာယ် ကျရောက်ရာ ဒေသများတွင် ပါဝင်ကူညီကြိုးပမ်း အားထုတ်ခဲ့ကြသည်။ (MYTCL) စီမံခန့်ခွဲမှုအဖွဲ့သည် အနီးနား လူမှုအသိုက်အဝန်းရှိ ကျေးရွာသူရွာသားများ၊ တောင်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲစောင့်ကြည့်လျက် ယခုကြုံတွေ့နေရသော အခြေအနေမျိုးတွင်လည်း အချိန်မီပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ပြီး၊ လူထု အသိုက်အဝန်းသည် အမြဲတမ်း ပထမဦးစားပေးဖြစ်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
 

 racingrain2

kyeethakyaflood7
racingrain1

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.