ရေဘေးသင့်ကျေးစာကျ အားထောက်ပံ့ကူညီခြင်း

 

kyeethakyaflood4

၂ဝ၁၅ခုနှစ်၊ဩဂုတ်လ(၂)ရက်နေ့ တွင် မြန်မာယန်စီကော့ပါး လီမိတက် ၏ လူထု အသိုက်အဝန်း ၊လူမှုဖွံ့ဖြိုးရေး နှင့် ပြည်သူ့ ဆက်ဆံရေး အဖွဲ့သည် ဒေသတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသော ကျေးရွာသူ ရွာသားများ၏ လူမှုဘဝ အဆင်ပြေစေရန်အတွက် လိုအပ်သော အစားအသောက်၊ ဆန်နှင့် စားသုံးဆီများကိုမုံရွာမြို့တွင်ရှာဖွေဝယ်ယူခဲ့သည်။
အဖွဲ့ဝင်များသည် ဒေသတွင်းအရောင်းဆိုင်များတွင် ပစ္စည်းပျက်လပ်မှုများကြုံတွေ့ရသဖြင့် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်နေကုန် လိုက်လံရှာဖွေစုဆောင်းဝယ်ယူခဲ့ရသည်။ ၄င်းအဖွဲ့၏ စာရင်းရှိပထမဆုံးခရီးစဉ်မှာကျေးစာကျကျေးရွာဖြစ်သည်။
 
ဩဂုတ်လ (၃)ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ရေကြီးမှုကြားမှ ကျေးရွာနေရွာသူရွာသားများသည် ၄င်းတို့အဖွဲ့အား အပြုံးများကိုယ်စီဖြင့် လှိုက်လှိုက်လဲလဲကြိုဆိုခဲ့ကြသည်။ ထိုရေကြီးနစ်မြုပ်နေသောရွာအလယ်တွင်မှီတင်းနေထိုင်ရသော ကျေးရွာသူရွာသားများသည်လည်း ထိုသို့ကြိုဆိုပြီး၊ သူတို့ကူညီနိုင်သလောက် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြသည်။ မနက်ဖြန်တွင် လည်းကျေးစာကျကျေးရွာတွင် ကူညီသကဲ့သို့ပင် နောက်တစ်ရွာသို့ ခရီးဆက်ကြမည်ဖြစ်သည်။

 

videoclipkyeethakyafloodrelief

videoclip kyeethakyafloodrelief2

videoclip kyeethakyafloodrelief3

videoclip kyeethakyafloodrelief4

 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.