ဦးစားပေးခဲ့ရသည့်ထနောင်းကုန်း

 

hatnaunggone9

အကျပ်အတည်း ကာလများ အတွင်း ဦးစားပေး အစီအစဉ်များ သည်လည်း ပြောင်းလဲ၍နေသည်။ ရုတ်တရက် ထိခိုက်မှုများ ဖြစ်ပေါ် လာပါက ရေးဆွဲထားသည့် ဦးစားပေး အစီအစဉ် ဇာတ်ညွှန်း တစ်ခုလုံး သည်လည်း မကြာခဏဆိုသလိုလုံးဝ ပျောက်ကွယ်သွားနိုင်သည်။

ထိုသို့ ရုတ်တရက် ကျရောက်သည့် အန္တရာယ်တွင် ထိခိုက်သူများကို ကူညီရန် ပြည်သူများ သည်လည်း ကြိမ်ဖန်များစွာ အလျင်အမြန် ကူညီလိုကြသည်။ အန္တရာယ် သည် ပြည်သူများ၏ ကနဦး ကူညီ လှုပ်ရှားမှုကို နှောင့်နှေး ကြန့်ကြာ စေသော်လည်း အများပြည်သူတို့၏ ကူညီမှုသည်လည်း နေ့ညမရွေး ရပ်တန့်မသွားပေ။ မြစ်ရေတက်ပြီး ခေတ္တ ငြိမ်သက်သွားချိန် နောက်နေ့များတွင် တသွင်သွင် စီးဆင်းရာရေစီးရှိ ရေတစ်စက်သည် ကျေးရွာများကို နစ်မြုပ်စေနိုင်သည်ဟုပင် တွေးထင်မိစေသည်။
ယခုတွင် လယ်ယာမြေများ ပျက်စီးခြင်း၊ ရေကြီးရာတွင် အိမ်မွေး တိရစာ္ဆန် များ မျောပါသွားခြင်းနှင့် တစ်ချိန်က မိသားစု အသိုက်အဝန်းနှင့် နေထိုင်လာသည့် အိမ်များသည်ပင် မြစ်ရေနွံများ ကြောင့် ဒုက္ခအတိ ရောက်နေရသည်ဟု ပျက်စီးဆုံးရှုံးမှုက သူ့အဓိပ္ပါယ်သူဆောင်နေသည်။
မုန်တိုင်းကျရောက်ပြီးကာလ (ရ-၈-၂ဝ၁၅)ရက်နေ့တွင်MYTCL ၏ ပြည်သူ့ဆက်ဆံရေးနှင့် CSD အဖွဲ့သည် အိမ်ထောင်စု ပေါင်း (၆၄)စု၊ ဒေသခံနေထိုင်သူ (၂၆၅)ယောက်ရှိ သောထနောင်ကုန်းကျေးရွာသို့ သွားရောက်ခဲ့ကာ ကျေးရွာရှိ ဘုန်ကြီး ကျောင်းတွင် ဆန်အိတ် အိတ်(၂ဝ)၊ စားသုံးဆီနှင့် အစားအစာမျိုးစုံကိုမိသားစုဝင်တစ်ဦးလျှင် ရက်သတ္တပတ်(၂)ပတ်မှ (၃) ပတ်အထိဖူလုံစွာစားသုံးနိုင်ရန်ပမာဏခန့်မှန်း၍ လှူဒါန်းမှုပြုခဲ့ပါသည်။
ဤသို့ဝမ်းနည်းဖွယ်ကောင်းသောအဖြစ်အပျက်သည် အခြားသောကျေးရွာများကိုလည်းချန်လှပ်မသွားပေ။ တစ်လလုံးစာ ထောက်ပံ့မှုများသည် ရှေ့ကဖြစ်ပျက်ခဲ့သောဒုက္ခများကိုကယ်တင်ကုစားနိုင်လိမ့်မည် မဟုတ်ပါ။ ရေကြီးမှုသည် ကမ်းပါး၏ အမြင့်ဆုံးအမှတ်ဆီသို့ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး၊ ရုတ်တရက်မြင့်တက်လာသည့် အခြေအနေမှ ဖယ်ခွာ သွား ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံမြေပေါ်ရှိသစ်ပင်အိုကြီးများလည်း ဝမ်းနည်းကျေကွဲဖွယ်ရာကောင်းအောင် အရွက်များကြွေကျ ပျက်စီးခဲ့ပါ၍ အသီးအပွင့်များမဖူးနိုင်၊ မပွင့်လန်းနိုင်သည့် လွင်တီးခေါင်ပြင်ကို ငေးကြည့်နေရုံသာရှိမည်။
MYTCL သည် ဒေသအတွက် အဘယ်သို့သောအရာများဦးစားပေးရမည်၊ ဒေသတွင်းရှိ တိုက်ရိုက်ထိခိုက်ခံရသော ဧရိယာများတွင် တည်ငြိမ်ဖြစ်ထွန်းမှုရှိစေသော ဗျူဟာမြောက်အစီအစဉ်ရေးဆွဲရန်အတွက် မြန်မာဝမ်ပေါင်ကော့ပါး လီမိ တက်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့နှင့်ချိတ်ဆက်ကာသုံးသပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့သောစိန်ခေါ်မှုများကြောင့်လူမှုဆိုင်ရာပူးပေါင်းတာဝန်ရှိမှု (CSR) သည် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အဖြစ် ဖြစ်ပေါ်လာသည်။ လူမှုဆိုင်ရာစုပေါင်းပါဝင်မှုနှင့် လူသားချင်းစာနာထောက်ပံ့မှုများသည် ဝမ်ပေါင်သတ္တုတူးဖော်ရေး အဖွဲ့အစည်း များဖြစ် သည့် မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့အတွက် အပြည်ပြည်ဆိုင်ရာ လုပ်ဆောင်ရမည့် လုပ်ငန်းရပ်များ အဖြစ် ဖြစ်ပေါ်လာစေသည်။ မနက်ဖြန်တွင်လည်း နောက်လုပ်ငန်းစဉ်များ၏ အစပျိုးမှုနှင့်အတူ ပါဝင် ကူညီနိုင်မည်ဟုမျှော်လင့်မိပါသည်။
 

https://www.myanmaryangtse.com.mm/images/stories/smart_thumbs/htanaunggone3_thumb_medium240_0.jpg

https://www.myanmaryangtse.com.mm/images/stories/smart_thumbs/htanaunggone4_thumb_medium240_0.jpg
https://www.myanmaryangtse.com.mm/images/stories/smart_thumbs/htanaunggone6_thumb_medium240_0.jpg
https://www.myanmaryangtse.com.mm/images/stories/smart_thumbs/htanaunggone8_thumb_medium240_0.jpg
https://www.myanmaryangtse.com.mm/images/stories/smart_thumbs/htanaunggone5_thumb_medium240_0.jpg

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.